Sunday, September 13, 2015


ရေစကြို စက်တင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့တွင် ချင်းတွင်းမြစ်ရေမြင့်တက်လာမှုကြောင့် မြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်များဖြစ်တဲ့ အမှတ်(၁)ထင်းတန်းရပ်ကွက်၊သုခ၀တီရပ်ကွက်၊အမှတ်(၈)ရပ်ကွက် စိတ်တ္တသုခတောင်ပိုင်း၊လေးရာပြည့် ဇေယျဝတီရပ်ကွက်နှင့်ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြားရှိ ကျေးရွာများတွင် မြစ်ရေပြန်လည်မြင့်တက်သော်လည်း ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက် ပေးရန်အထိ မလိုသေးကြောင်း သိရသည်။ မြစ်နှင့် အလွန်နီးကပ်သောလူနေအိမ်အချို့သာ၎င်းတို့၏ ဆွေမျိုးသားချင်းနေအိမ်များသို့ ခေတ္တပြောင်းရွေ့နေထိုင်
လျက်ရှိပြီး ချင်းတွင်းမြစ်ရေ အခြေအနေ မှာ(၁၁-၉-၂၀၁၅)ရက်နေ့အထိ ( ၂၉.၆’ ) သာရှိ၍ မြို့၏စိုးရိမ်ရေအမှတ်မှာ (၂၈.၇’) ရှိပြီး စိုးရိမ်ရေအမှတ်ထက်( . ၉’ ) ကျော်လွန်နေသော်လည်း
 စိုးရိမ်ဖွယ်မရှိကြောင်းနှင့် ချင်းတွင်းမြစ်ရေမှာ ယနေ့မှစ၍ ပြန်လည်ကျဆင်းလျှက်ရှိကြောင်း သိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video