Sunday, September 13, 2015


အောင်လံ စက်တင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့တွင် ဧရာဝတီမြစ်ရေသည် အောင်လံမြို့၏ စိုးရိမ်ရေမှတ်(၂၅၅၀) စင်တီမီတာတွင်စက်တင်ဘာလ(၁၁)ရက်နေ့၌(၂၄၈၇)စင်တီမီတာသို့
 ရောက်ရှိလာပြီဖြစ်သဖြင့်လိုအပ်ပါက အရေးပေါ်ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးကို နံနက်(၉း၃၀)နာရီအချိန်က မြိုနယ်အုပ်ချုပ်ရေးမှုး၏ အစည်း အဝေး ခန်းမတွင် ပြုလုပ်ခဲ့သည် ။
ယင်းအစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်မှ မိမိတို့မြို့နယ်တွင် ဧရာဝတီမြစ်ရေသည်လက်ရှိအခြေအနေအရ (၂၄)နာရီအတွင်း (၁)ပေခွဲနှုန်း မြင့်တက်နေသဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက်ကြိုတင်ညှိနှိုင်းကြရန်ဆွေးနွေးမှာကြားပြီး နယ်မြေခံတပ်ရင်း မြို့နယ် ရဲတပ်ဖွဲ့ နှင့်မြို့နယ်မီးသတ်တပ်ဖွဲ့တို့မှလည်းမြို့နယ်အတွင်း ကူညီကယ်ဆယ်ရေးစခန်းများအတွက် ကြိုတင်စီစဉ်ထားရှိမှုမြို့နယ်ကျန်းမာရေးဦးစီးဌာနမှလည်း ကျန်းမာရေးအတွက်ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိမှုများကို တင်ပြဆွေးနွေးကြပြီးပညာရေး ဌာနအနေဖြင့်လည်း ကျောင်းများအတွင်းမြစ်ရေ၀င်ရောက်ရန်နီးစပ်လာပါက ကျောင်းသူကျောင်းသားများ

အတွက်ကြိုတင်ဆောင်ရွက်ထားကြရန်နှင့် ကော်မတီတွင်ပါဝင်သောဌာနများအနေဖြင့်လည်း
မြို့ပေါ်နှင့် နယ်မြေသတင်းများကို အချိန်မှီရယူပြီး အချင်းချင်းဆက်စပ်ဆောင်ရွက်ကြရန် ညှိနှိုင်းဆွေးနွေး ခဲ့ကြကြောင်းသတင်းရရှိသည် ။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video