Sunday, September 13, 2015
10:35 AM
မကွေးသတင်းစုံ
NEWS, Regional News
No comments
အောင်လံ စက်တင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့တွင် ဧရာဝတီမြစ်ရေသည် အောင်လံမြို့၏ စိုးရိမ်ရေမှတ်(၂၅၅၀) စင်တီမီတာတွင်စက်တင်ဘာလ(၁၁)ရက်နေ့ နေ့လည်(၃း၃၀)နာရီတိုင်းထွာချက်အရ (၂၄၉၃)စင်တီမီတာသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မြို့ပေါ် ရပ်ကွက်အချို့တို့တွင် နီးစပ်ရာဆွေမျိုးသားချင်းများအိမ်တို့သို့ ပြောင်းရွှေ့နေထိုင်မှုများအနည်း ငယ်ရှိခဲ့ပြီး မကျီးကုန်းရပ်ကွက်တွင် အိမ်ခြေ(၂၂)အိမ် လူဦးရေ(၉၄)ဦး ၊ သရက်တောရပ်ကွက်တွင် အိမ်ခြေ(၁၂၄)အိမ် လူဦးရေ(၆၁၄)ဦး ၊ ကန်ကြီးရပ်ကွက်တွင် အိမ်ခြေ(၂၄)အိမ် လူဦးရေ(၁၀၈)ဦးစမ်းချောင် ရပ်ကွက်တွင် အိမ်ခြေ(၃၀)အိမ် လူဦးရေ(၁၅၀)ဦး ၊ စက်ရုံရပ်ကွက်တွင် အိမ်ခြေ(၃၈)အိမ် လူဦးရေ(၁၅၆)ဦး တို့အား အောင်လံမြို့နယ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အထောက်အကူပြုအဖွဲ့ဝင်များမှ နီးစပ်ရာဆွေမျိုးသားချင်းများအိမ်တို့သို့ ပြောင်းရွှေ့နေရာချထားေ ပး ခဲ့ကြကြောင်း သိရသည် ။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment