Sunday, September 13, 2015
10:36 AM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ဂန့်ဂေါ စက်တင်ဘာ ၁၁
ပြည်သူလူထု၌ အခြေခံလိုအပ်ချက်များ အဆင်ပြေချောမွေ့စေသော ဝန်ဆောင်မှုပေးရန်၊ လာဘ်ပေး လဘ်ယူမှု အာဂတိလိုက်စားမှုများ ကိုတားမြစ်၍ ထိရောက်သောဝန်ဆောင်မှုများ အလေ့အကျင့်များ
မွေးမြူ ပေးရန်၊ ပြည်သူများက အစိုးရနှင့် ဌာနဆိုင်ရာများအပေါ် အားကိုးယုံကြည်မှုတိုးပွါးစေရန်၊ တာဝန်ထမ်းဆောင် နေသောဝန်ထမ်းများ ဌာနများအလိုက် အပြန်အလှန်ထိန်းကျောင်းမှုပြုနိုင်ရန် ရည်ရွယ်ချက်များဖြင့် ဂန့်ဂေါမြို့ နယ်တွင် ပြည်သူ့ဝန်ဆောင်မှုရုံးကို ဖွင့်လှစ်ထားရာ
ပြည်သူ့ဝန်ဆောင်မှုရုံးဝန်ထမ်းများ ဆင့်ပွါးသင်တန်း ဖွင့်ပွဲ ကို စက်တင်ဘာ ၁၁ ရက်နံနက်က ဂန့်ဂေါခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင်က အမှာစကားပြောကြားပြီး ပြည်သူ့ဝန်ဆောင်မှု ရုံး တာဝန်ခံအရာရှိ ဦးစောလွင်က သင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၄၂ ဦးတို့တက်ရောက်ကြ၍ သင်တန်းဖွင့်ပွဲ သို့ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment