Thursday, September 3, 2015

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်

၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ၃.၉.၂၀၁၅ ရက်နေ့တွင် ၀၈၀၀ အချိန်မှ ၀၉၀၀ အချိန်ထိ ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာဆွေးနွေးပွဲသို့ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနိုင်ဦးနှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းဒေသကြီးအထွေထွေရွေးကောက် ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးကြည်စိန်နှင့် ခရိုင်အထွေထွေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌများ၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်း၊ ဒုမကရမှူး ရဲမှူးကြီး အောင်စိုးဝင်း၊ ဦးစီးအရာရှိ (ပထမ တန်း) (ဦး/ရေး/ထောက်) ဒုတိယရဲမှူးကြီး မောင်မောင်အေး၊ခရိုင်ရဲတပ်ဖွဲ့မှူးများ၊ တပ်ဖွဲ့ခွဲ/စုမှူးများ၊ သတင်း မီဒီယာများ၊ ရပ်မိ/ရပ်ဖများ၊ စုစုပေါင်းအင်အား ၉၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

အဆိုပါ တွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်းမှ အထွေထွေ ရွေးကောက်ပွဲ အတွက် လုံခြုံရေးဆောင်ရွက်ထားရှိမှုများကို တင်ပြခြင်းနှင့် လုံခြုံရေး ဆောင်ရွက်ရာတွင် တွေ့ကြုံနိုင်သည့် အခက်အခဲများအား ရှင်းလင်းတင်ပြခြင်း၊ တိုင်းဒေသကြီးအထွေထွေ ရွေးကေက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးကြည်စိန်မှ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခြင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေမှ လိုအပ်သည်များမှာကြားခြင်းနှင့် နိဂုံးချုပ်အမှာစကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။










0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video