Wednesday, September 2, 2015


သရက် စက်တင်ဘာ ၁
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် စခန်းကြီးကျေးရွာ တွင် ရွေ့လျားဆေးကုသရေးအဖွဲ့မှ
 ကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် အခမဲ့ ကျေးရွာအရောက် ကွင်းဆင်းဆေးကု
သဆောင်ရွက်ခြင်းအခမ်းအနားကို ယနေ့ နံနက်(၀၈း၃၀)နာရီက ကျေးရွာ ဘုန်းတော်ကြီး ကျောင်း ဓမ္မရုံးအတွင်း ဆောင်ရွက်ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စာလှယ် ဒေါ်ယဉ်ယဉ်လှ၊ ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီတာစိုးနှင့်ကျန်းမာရေးဝန်ထမ်းများ၊ခရိုင်မိခင်နှင့်
ကလေးစောင့်ရှောက်မှု့ကြီးကြပ်ရေးအသင်းဥက္ကဌ ဒေါ်အေးမြမြကြိုင်နှင့်အသင်းဝင်များ ကျေးရွာနေ
 ပြည်သူများ တက်ရောက်ကြသည်။အဆိုပါ အခမ်းအနားတွင် မြို့နယ် သူနာပြု အဆင့်(၁) ဒေါ်နိုရင်းက (AIDS) ရောဂါအကြောင်းနှင့် သွေးလွန်တုပ်ကွေး ရောဂါ အကြောင်း သိကောင်းစရာများ ဟောပြောပေးပြီး တိုင်းဒေသကြီးလွှတ်တော် ကိုယ်စာလှယ် ဒေါ်ယဉ်ယဉ်လှ က ကျန်းမာရေးဆိုင်ရာများ ဟောပြောပေး
ခဲ့သည်။ ထို့နောက် ခရိုင်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသီတာစိုးကလေဖြတ်/လေ ငန်းရောဂါ နှင့် ပက်သတ်၍ ရှောင်ရန်/ဆောင်ရန်များ ကိုအကျယ်တ၀င့်ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး ကျန်းမာရေးမှူး (၁)ဒေါ်ထွေးရီက တီဘီရောဂါ ဖြစ်ပွါးစေတက်သည့် အကြောင်းအရာများရှင်းလင်းဆွေးနွေးပေးခဲ့သည်။
ယင်းနောက် ကျေးရွာမှကျန်းမာရေး လာရောက် ပြသသည့်ပြည်သူများအား ခရိုင်ကျန်းမာရေး ဦးစီးဌာနမှူး

 ဒေါက်တာ သီတာစိုး ဦးဆောင်သောအဖွဲ့တွင် လက်ထောက်ဆရာဝန်များ၊သွားဆရာဝန်နှင့် ကျန်းမာရေး ၀န်ထမ်းများက လာ ရောက်ပြသသည့် သွားဝေဒနာရှင်(၂၁)ဦး၊အထွေထွေ ရောဂါ (၁၅၆)ဦး
 တို့အား စစ်ဆေးကုသဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video