Wednesday, September 2, 2015


စေတုတ္တရာ စက်တင်ဘာ ၁
မုန်းချောင်းရေတိုက်စားမှုများကြောင့် ပျက်စီးခဲ့သော စေတုတ္တရာမြို့နယ် ဘူးကျေးရွာအနီးရှိ သစ်ခက်ဆည်အား ပြန်လည်ပြုပြင်နိုင်ရန် တိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဦးစီးဌာနမှ ငွေကျပ် သိန်း(၂၀)ကျပ်ကိုပေးအပ်ပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပေးအပ်ပွဲတွင် တိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဦးစီးဌာနမှ ဆည်ပြန်လည်

 ပြုပြင်ရန် ငွေကျပ် သိန်း(၂၀)ကျပ်ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးမှ
 ပေးအပ်ရာ ဘူးကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ကျေးရွာဖွံ့ဖြိုးရေးအထောက်အကူပြုအဖွဲ့ဝင်များမှ လက်ခံရယူခဲ့သည်။အဆိုပါသစ်ခက်ဆည်သည် အလျား(၅၂၀)ပေရှိပြီး ၊လယ်ဧက (၂၂၇)ဧကအား စိုက်ပျိုးရေ ပြည့်ဝစွာ ပေးဝေနိုင်သည့် ကျေးလက် ဆည်ဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video