Tuesday, August 11, 2015

၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့ နံနက် (၉း၂၀) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်၊ မင်းတုန်းမြို့နယ်၊ ပေါက်ကိုင်းကျေးရွာအနီး မင်းတုန်းချောင်းကမ်းစပ်၌ အမျိုးသားတစ်ဦး အလောင်း တွေ့ ရှိကြောင်း သတင်းအရ မင်းတုန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများ နှင့်အတူ သွားရောက် စစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။

 ဖြစ်စဉ်အား စစ်ဆေးခဲ့ရာ ၉.၈.၂ဝ၁၅ ရက်နေ့ ညနေ (၃) နာရီခွဲအချိန် မင်းတုန်းမြို့နယ်၊ မင်္ဂလာဦး ကျေး ရွာနေ တင်အောင်ကျော်(၄၁)နှစ်သည် မင်းတုန်းမြို့၊ အမှတ်(၂)ရပ်ကွက်၊ မင်းတုန်းချောင်း ရေချိုးဆိပ်မှ တစ်ဖက်ကမ်းသို့ ချောင်းဖြတ်ကူးစဉ် ချောင်းရေ၌မျောပါပြီး ရေနစ်သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်းစစ်ဆေးတွေ့ ရှိရသဖြင့် သေဆုံးခြင်းအကြောင်းအရင်းအမှန်အား သိရှိနိုင်ရန်အတွက် မင်းတုန်းမြို့နယ်၊ မြို့မရဲစခန်း ၊ သေမှုသေခင်းအမှတ်စဉ် (၈/၂ဝ၁၅) ဖြင့် အမှုရေးဖွင့်ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video