Tuesday, August 11, 2015

၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့ နေ့လည် (၁၂) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ဓါတ်တိုင်ပိ၍သေဆုံးသူ (၁)ဦးရောက်ရှိ နေကြောင်း သတင်းအရ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

ထီးလင်းမြို့နယ်၊ လောင်ဘိုကြီးရွာနေ ဦးသန်းမောင် (၅၉)နှစ်ဖြစ်ကြောင်းသိရှိရပြီး ၉.၈.၂ဝ၁၅ ရက်နေ့ ညနေ (၄) နာရီခွဲအချိန်ခန့်တွင် ရွာသားများနှင့်အတူ ကျေးရွာပိုင်မီးစက်ဖြင့် ဓါတ်အား လိုင်းများမှ မီးကြိုးအဟောင်းများလဲလှယ်ရန် အရှည် (၁၅)ပေ၊ လုံးပတ်(၂)ပေခန့်ရှိ ရှားသား မီးတိုင် အားတက်၍ မီးကြိုးများလဲလှယ်နေစဉ် မိုးရွာသွန်းမှုကြောင့် မီးတိုင်လဲကျကာ ဦးသန်းမောင်မှာ ဓါတ်တိုင်ပိမိပြီး ယာလက်မောင်း (၃)လက်မခန့်ပွန်းပဲ့ဒဏ်ရာ၊ ဝမ်းဗိုက်ဖူးရောင် ဒဏ်ရာရရှိ၍ ထီးလင်းမြို့နယ် သို့ ဆေးကုသရန်ရောက်ရှိခဲ့ပြီး မြို့နယ်ဆရာဝန်မှ ပခုက္ကူဆေးရုံသို့လွှဲသဖြင့် ချက်ချင်း သွားရောက် ခဲ့ရာ ပေါက်မြို့အထွက် လမ်းတွင်သေဆုံးသွား၍ ထီးလင်းပြည်သူ့ဆေးရုံသို့ ပြန်လည် သယ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် သေဆုံးရခြင်း အကြောင်းရင်းမှန်အား သိရှိ နိုင်ရန် ထီးလင်းမြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၃/၂ဝ၁၅)ဖြင့် အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video