၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့ ညနေ(၄) နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ သရက်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သရက်မြို့၊ သီရိမင်္ဂလာ ကွက်သစ်နေ ရဲရွှေ (၄၄)နှစ်၏ နေအိမ်တွင် နှစ်လုံးထီလောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်းအမှတ် (၁၉/၂၀၁၅)ဖြင့် ၀င်ရောက်ရှာဖွေရာ နေအိမ် မီးဖိုချောင်၏ ၀ါးထရံတွင် ချိတ်ဆွဲထားသော အ၀ါရောင် ပလပ်စတစ် အိတ် အတွင်းမှ သုံးလုံးထီ၊ နှစ်လုံးထီ လောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများနှင့် လောင်းကြေးငွေ စက္ကူရောရာ ၃၀၀၀၀ိ/-တို့အား တွေ့ရှိ သိမ်းဆည်းရမိသဖြင့် တရားမ၀င် နှစ်လုံးထီ၊ သုံးလုံးထီ လောင်း ကစားပြုလုပ်သူ ရဲရွှေအား သရက်မြို့နယ်၊ မြို့မရဲစခန်း(ပ) ၁၅၁/၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်း ရရှိပါသည်။
Wednesday, August 12, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment