၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့ နံနက် (၉)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ယာဉ်ပေါ်မှ ပြုတ်ကျသည့် လူနာတစ်ဦး ရောက်ရှိ နေကြောင်း သတင်း အရ ထီးလင်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ထီးလင်းမြို့အ၀င်ရှိ ကံ့ကော်စိမ်းဘော်ဒါဆောင်ရှေ့ ဂန့်ဂေါ-ထီးလင်း ကားလမ်းပေါ်တွင် မြစ်သာတမံဘက် မှ ထီးလင်းမြို့ဘက်သို့ မောင်းနှင်လာသော ဆောမြို့နယ်၊ ကျောက်ထုမြို့၊ ဂုံဘိုရပ်ကွက်နေသူ ယာဉ်မောင်း ဦးခင်မောင်ဝင်း (၄၆)နှစ် မောင်းနှင်သော 7A/xxxx မှန်လုံ (၆)ဘီး ဖြူပြာကြားရောင် ယာဉ်အား ထီးလင်းမြို့၊ ကံ့ကော်စိမ်း ဘော်ဒါဆောင်ရှေ့ လမ်းဝဲဘက်ခြမ်းတွင် စက်ပိတ်၍ ရပ်တန့်ထားပြီး ကံ့ကော်စိမ်း ဘော်ဒါမှ ပေပါခွန်(၁)လုံးအား ဦးခင်မောင်ဝင်း ကိုယ်တိုင် ယာဉ်ခေါင်မိုးပေါ်သို့ တင်ပြီး ကြိုးတုပ်ချည်နှောင်စဉ် ဦးခင်မောင်ဝင်းမှာ ယာဉ်ခေါင်မိုး ပေါ်မှ ခြေချော်လက်ချော်ဖြစ်ကာ ကတ္တရာလမ်းပေါ် သို့ ဇောက်ထိုးပြုတ်ကျပြီး ဦးခေါင်း နောက်စေ့ တစ်လက်မခွဲခန့် ပေါက်ပြဲဒဏ်ရာ ရရှိခဲ့၍ ထီးလင်းမြို့ ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ခဲ့ရာ (၉း၃၅)နာရီအချိန် သေဆုံးသွားသဖြင့် ၎င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်း ဟုတ်/မဟုတ် စစ်ဆေး နိုင်ရန်အတွက် ထီးလင်းမြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၄/၂၀၁၅ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
Wednesday, August 12, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment