Tuesday, August 11, 2015

၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့ ညနေ (၆း၂၀) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင် ၊ တောင်တွင်းကြီးမြို့၊ မြို့မရဲစခန်းမှ ဒုရဲအုပ် ချစ်စိုးမင်းနှင့်အဖွဲ့သည် သက်သေများနှင့်အတူ မန္တလေးမြို့ မှ အောင်သစ္စာလိုင်းကားဖြင့် တောင်တွင်းကြီးမြို့သို့ စိတ်ကြွမူးယစ်ဆေးဝါးများ သယ်ဆောင် လာကြောင်း သတင်းအရ ကားကြီးကွင်းအနီး စောင့်ဆိုင်းနေစဉ် ကားပေါ်မှဆင်းလာသူ အမျိုးသားတစ်ဦးအား မသင်္ကာ သဖြင့်စစ်ဆေးရာ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဂုံညှင်းတန်းရွာနေ ကိုကိုကျော်(ခ)ခွန်ဇာနည်၊ ၃၅နှစ် ဖြစ်ကြောင်းသိရသည်။ 

ကိုကိုကျော်(ခ)ခွန်ဇာနည်၊ ၃၅နှစ်ထံမှ WY စာတန်းပါ ကမ္ဘာလုံးတံဆိပ် အနီရောင်စိတ်ကြွရူးသွပ် ဆေးပြား (၂ဝဝ)ပြားပါ အထုပ် (၁)ထုပ်၊ (၁၆၉)ပြားပါ အထုပ်(၁)ထုပ်၊ စုစုပေါင်း(၃၆၉)ပြားတို့အား သိမ်းဆည်း ရမိခဲ့ပြီး ၄င်း၏ထွက်ဆိုချက်အရ တောင်တွင်းကြီးမြို့၊ ''ဧရတနာဖြိုး'' တည်းခိုခန်းတွင် ကြိုတင်ရောက်ရှိ တည်းခိုနေသူ မိုးမိတ်မြို့၊ ဟော်နန်းရပ်နေ ဒေါ်သန်းမြိုင်(၅၂)နှစ်မှ ဆေးပြားများ အား မန္တလေးမြို့မှတစ်ဆင့် သယ်ဆောင်စေခိုင်းခဲ့ကြောင်းသိရှိရပြီး ဒေါ်သန်းမြိုင်အား ''ဧရတနာဖြိုး'' တည်းခိုခန်းတွင် ထပ်မံဖမ်းဆီး ရမိ သဖြင့် မူးယစ်ဆေးဝါးသယ်ဆောင်သူ ကိုကျော်ကျော် (ခ) ခွန်ဇာနည်နှင့် သယ်ဆောင်ရန်စေခိုင်း သူ ဒေါ်သန်းမြိုင်တို့အား တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်း မယ(ပ)၁/၂ဝ၁၅၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅(က)/၁၉(က)/၂၁ အရ အမှုဖွင့် အရေး ယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video