Tuesday, August 11, 2015

၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့ ညနေ(၆း၁၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင်၊ စလင်းမြို့နယ်၊ ရှင်ပင်လေးမျက်နှာဘုရားပွဲတွင် တညောင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင် လုံခြုံရေး တာဝန်ဆောင်ရွက်နေစဉ် ပွဲဈေးတန်းအတွင်း၌ စကုမြို့၊ ကျောင်းရွာနေ ကျော်ကျော် (ခ) လှသန်းကျော် (၉)နှစ်အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်မေးပြီး ၄င်း၏ မိခင် မခင်ဝေ(ခ)စနေမ၊ ၃၆နှစ်၏ဈေးဆိုင်အတွင်း ဝင်ရောက်ရှာဖွေခဲ့ကြောင်း သတင်းရရှိပါသည်။ 

စကုမြို့၊ ကျောင်းရွာနေ မခင်ဝေ(ခ)စနေမ၊ ၃၆နှစ်၏ဈေးဆိုင်အတွင်း ဝင်ရောက်ရှာဖွေခဲ့ရာ SAMSUNG တံဆိပ်ပါ ဟန်းဆက်(၄)လုံး၊ HUAWEI တံဆိပ်ပါဟန်းဆက်(၅)လုံး၊ မိုင်ဖုန်းတံဆိပ်ပါ ဟန်းဆက်(၁)လုံး ၊ မော်ဒန်တံဆိပ်ပါဟန်းဆက်(၁)လုံး၊ Coolpad တံဆိပ်ပါ ဟန်းဆက် (၁)လုံး၊ VIVO တံဆိပ်ပါ ဟန်းဆက် (၁)လုံး၊ တီအက်ဖ်အမ်တံဆိပ်ပါ ဟန်းဆက်(၁)လုံး၊ စုစုပေါင်း ဟန်းဆက် မျိုးစုံ(၁၄)လုံး၊ လိုင်စင်မပါ KENBO-110 အနက်ရောင်ဆိုင်ကယ် (၁)စီး၊ အလေးချိန် (၄) ရွေးခန့်ရှိ ၁၄ ပဲရည် နားကပ် (၁)ရံ ၊ အလေးချိန် (၃)ရွေးခန့်ရှိ ၁၄ ပဲရည် နားကပ်(၁)ရံ၊ အလေးချိန်(၁)ပဲခန့်ရှိ ၁၄ ပဲရည် မောင်းကွင်း လက်စွပ်(၁)ကွင်း၊ အလေးချိန် (၁)ပဲ(၅)ရွေးခန့်ရှိ ၁၄ ပဲရည်လက်စွပ်(၁)ကွင်း၊ အလေးချိန်(၂)ပဲခန့်ရှိ ၁၄ ပဲရည် လက်စွပ်(၁)ကွင်း၊ ရွှေရည်စိမ်လက်ကောက်အတု(၂)ကွင်း၊ စုစု ပေါင်းတန်ဘိုး-၁,၂၄၁,ဝဝဝိ/- တို့ အား တွေ့ရှိရပြီး ၄င်းပစ္စည်းများနှင့်ပတ်သက်၍ ခိုင်လုံသော အထောက်အထား တစ်စုံတစ်ရာပြော ဆိုနိုင်ခြင်း မရှိသဖြင့် မခင်ဝေ(ခ)စနေမနှင့် ကျော်ကျော်(ခ) လှသန်းကျော် တို့အား စလင်းမြို့နယ်၊ တညောင်နယ်မြေရဲစခန်း(ပ)၂၄/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၈ဝ/ကျင့် ၅၄ အရ အမှုဖွင့် ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video