၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့ နံနက် (၄) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ ခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ကလေး-ဂန့်ဂေါ-မုံရွာသွားကားလမ်း မိုင်တိုင်အမှတ် ၁၁ဝ/၅ နှင့် ၁၁ဝ/၆ အကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ ဂန့်ဂေါမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ သည် သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်အား စစ်ဆေးခဲ့ရာ မုံရွာမြို့ ၊ ရွှေပြည်သာကားဂိတ်မှ လူစီးခရီးသည် (၁၉)ဦးနှင့် ကုန်ပစ္စည်း များ တင်ဆောင်၍ ကလေးမြို့သို့ မုံရွာ မြို့နယ်၊ ကြည်ကုန်းရွာနေ အောင်ကိုသန်း(၃၆)နှစ် မောင်းနှင် လာသော ယာဉ်အမှတ် 8A/xxx ၊ HENO (၆)ဘီး၊ ဖြူပြာကြားမှန်လုံယာဉ်သည် ကားဘရိတ်ပေါက်၍ လမ်းအဆင်းတွင် အရှိန်မထိန်းနိုင်ဘဲ ကားလမ်း၏ဝဲဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည်(၁၉)ဦးအနက် စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်၊ အလုံတပ်မြို့နေ ကျော်မင်းထွန်း (၃၈)နှစ်သည် ကားပိပြီး ခါးအောက်ပိုင်း ကျေမွ/ အူထွက်ဒဏ်ရာတို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး ဘုတလင်မြို့နယ်နေ ဦးမြသောင်း(၄၇)နှစ်ပါ ကျား(၉)ဦး၊ မုံရွာမြို့နယ်နေ ဒေါ်မာဆွေ(၄၂)နှစ်ပါ မ(၃) ဦး တို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ယာဉ် မဆင်မခြင်မောင်းနှင်သူ အောင်ကိုသန်း အား ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၂၈/၂ဝ၁၅ ၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က/၃၃၈/၃၃၇ အရ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။


0 comments:
Post a Comment