Tuesday, August 25, 2015
2:11 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ဂန့်ဂေါ သြဂုတ် ၂၄
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့၏ အမှတ် (၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး ဖွင့်ပွဲကို သြဂုတ် ၂၄ ရက် နံနက် ၉ နာရီက ဂန့်ဂေါမြို့ မြောက်ကုန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် ဘဏ်လမ်းထောင့် အဆိုပါရုံးရှေ့တွင် ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာနဝန်ကြီး ဦးဝင်းမြင့်မောင်၊ ဂန်ဂေါခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြိး ဝင်းထွန်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ကြသည်။
အဆိုပါရုံးဖွင့်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဆွေ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဥက္ကဌ ဦးနိုင်ဦး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမှတ်(၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့ တပ်စုမှူး ရဲအုပ်ဝင်းနိုင်နှင့် တပ်ဖွဲ့ ဝင်များ တက်ရောက်ကြကြောင်း သိရသည်.။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment