Tuesday, August 25, 2015

၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့ နံနက် (၁၁) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် တင့်နိုင်နှင့်တပ်ဖွဲ့ဝင်များသည် ပိတောက်ပင်ရေနံမှော်ဟောင်း၌ လောင်းက စားပြုလုပ်နေကြောင်း သတင်းအရ သက်သေများနှင့်အတူပိတောက်ပင်ရေနံမှော်ဟောင်း ၌ နေထိုင် လျှက်ရှိသော သရက်မြို့နယ်၊ ပိတောက်ပင်ရေနံမှော်နေ မမိုးမိုး(ခ)လှမိုးသွယ်၊ ၄၄နှစ်၏ နေအိမ် အား သရက်ခရိုင်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ် (၁/၂ဝ၁၅) ဖြင့် ဝင်ရောက် ရှာဖွေ ဖမ်းဆီးခဲ့ရာ မမိုးမိုး(ခ)လှမိုးသွယ်၊ ၄၄နှစ်အား လောင်းကစား စာရွက်စာတမ်းများနှင့် လောင်း ကြေးငွေ (၁၆၄,၃ဝဝိ/-)နှင့် အတူ တွေ့ရှိသိမ်းဆည်းရမိသဖြင့် တရားမဝင်နှစ်လုံး/သုံးလုံးထီလောင်းကစားပြုလုပ်သူ မမိုးမိုး(ခ)လှမိုးသွယ်အား သရက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၁၆၆/၂ဝ၁၅၊ လောင်း ကစားဥပဒေပုဒ်မ ၁၅(က) / ၁၆(က)အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသတင်းရရှိပါသည်။

အလားတူ ၎င်းနေ့ ၁၁၅၅ အချိန်ခန့်တွင် ရေစကြိုမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရေစကြိုမြို့၊ အမှတ် (၈)ဇေယျဝတီရပ်ကွက်နေ အောင်ဆန်းဝင်း(၂၈)နှစ်သည် တရားမဝင်နှစ်လုံး/သုံးလုံးထီ လောင်း ကစား ပြု လုပ်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏လောင်း ကစား ဖမ်းဝရမ်းအမှတ် (၁၈/၂ဝ၁၅)ဖြင့် ဝင်ရောက်ရှာဖွေရာ အောင်ဆန်းဝင်းအား နေအိမ်ရှေ့ခန်း ကွပ်ပစ်ပေါ်၌ လောင်း ကစားပြု လုပ်နေစဉ် သက်သေခံပစ္စည်းစာရွက်စာတမ်းများနှင့် လောင်းကြေးငွေ ၇,၆၅ဝိ/-နှင့် အတူ သိမ်းဆည်းရ မိသဖြင့် တရားမဝင် နှစ်လုံး/သုံးလုံး ထီ လောင်းကစားပြုလုပ်သူ အောင်ဆန်းဝင်း အား ရေစကြိုမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၅၈/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင် ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
 
 
 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video