Saturday, August 8, 2015
12:08 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ပခုက္ကူ သြဂုတ် ၆
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်လျံ တက်၍ရေဘေးရှောင် ပြည်သူများ
အားဆန်၊ခေါက်ဆွဲခြောက်၊ရေသန့်ဗူများထောက်ပံ့လှူဒါန်းခြင်းနှင့်ကျန်မာရေး စောင့်ရှောက်မှု
လုပ်ငန်းဆောင်ရွက် မှုကို သြဂုတ်လ၆ရက် နေ့တွင် ပခုက္ကူခရိုင်အုပ်ချုပ်ရေး မှူး ဦးကိုကိုလွင်နှင့် ခရိုင်အဆင့်ဌာနဆိုင်အကြီးအကဲများ ၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်ခိုင် နှင့်ဌာန ဆိုင်ရာများ၊
သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအဖွဲ့များက ကွင်းဆင်း ကြည့်ရှုခဲသည်။
ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် မြင်းဝန်း၊အရှေ့ ငကျော်၊အနောက်ငကျော်၊ ဘဲကြီး၊
အနောက်နံကပ်ကျွန် ကျေးရွာများတွင်ဖွင့်လှစ်ထားသည့်ရေဘေးကယ်ဆယ်ရေး စခန်းများ အား ပခုက္ကူတက္ကသိုလ် မှ ပါမောက္ခချုပ် ဒေါက်တာ အောင်မင်းဝင်းနှင့်ဝန်ထမ်းများ ကျောင်းသား/ကျောင်းသူတို့မှ
ငွေကျပ်သိန်း(၂၀)ကျော်တန်ဖိုးရှိ ဆန်အိတ်(၆၈)အိတ်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး လှဝင်းနှင့်တပ်ဖွဲ့ဝင်တို့ 
က ခေါက်ဆွဲခြောက် ထုပ်နှင့်ရေသန့်ဗူး များ၊ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆန်အိတ်(၅)အိတ်၊ပခုက္ကူမြို့ စေတနာအလှူရှင် ဦးကျော်တင့်မိသားစုက ဆန်(၅)အိတ် စုစုပေါင်း
တန်ဖိုး(၂၇)သိန်း(၅)သောင်းခန့်တန်ဖိုးရှိပစ္စည်းတို့ကိုအဆိုပါကယ်ဆယ်ရေးစခန်းများရှိ ရေဘေးရှောင်
ပြည် သူ(၄၅၃၃) တို့အားထောက်ပံ့ပေးအပ်လှူဒါန်းခဲ့သည်။ ၄င်းနောက်ခရိုင် အုပ်ချုပ်ရေးမှူး သည် ရေဘေးရှောင်ပြည်သူများ အားကျန်မာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးနေမှု
ကိုကြည်ရှုခဲပြီး ရေးဘေးရှောင်ပြည်သူများအားအားပေးစကားများပြောကြား၍လိုအပ်သည်များကို
ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပခုက္ကူမြို့ပေါ်တွင် ဧရာဝတီမြစ်ရေ ၀င်ရောက်လျက်ရှိသော ဘုန်းတော်ကြီးကျောင်း(၈)ကျောင်း အားဆန်အိတ်(၂၀)အိတ်
၊ ခေါက်ဆွဲခြောက်ဗူးကြီးများ ကိုဆပ်ကပ်လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment