Saturday, August 8, 2015



ချောက် သြဂုတ် ၆
ချောက်မြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် အမှတ် (၂) နှင့် အမှတ် (၄) ရပ်ကွက်ကို
ဆက်သွယ်ထားသော မင်္ဂလာကြိုး တံတားပေါ်တွင်(၁)ပေခန့် မြစ်ရေဝင်ရောက်ခဲ့သည်။
 အဆိုပါမြစ်ရေ ဝင်ရောက်မှုကြောင့် ချောင်းမြောင်းမှ စီးဆင်းလာသော အမှိုက်သရိုက်များ ပိတ်ဆို့နေမှုအား
 ချောက်မြို့နယ် ခလရ (၁၃) မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးရန်နိုင်ထွန်းနှင့် တပ်ဖွဲ့ဝင်များ မြို့နယ်အုပ်ချုပ်ရေးမှူး၊
 မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးဝင်းနိုင်နှင့်အဖွဲ့ဝင်များ
 မီးသတ်တပ်ဖွဲ့ဝင်များ ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်း အင်အား (၁၀၀)ခန့် ဖြင့် ပူးပေါင်းလုပ်အားပေးဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါ အမှိုက်များကို မြို့နယ်စည်ပင်သာယာရေးဌာနမှ SKET ကား (၃) စီးဖြင့်သွားပြန်သယ်ယူဆောင်
ရွက်ခဲ့ကြပြီး ဧရာဝတီမြို့ဝတွင် ပိတ်ဆို့နေသော အမှိုက်သရိုက်များကို စက်လှေယာဉ်များဖြင့်
ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video