Saturday, August 8, 2015

သရက် သြဂုတ် ၇ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊သရက်မြို့နယ် တပ်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ဦးစီးဖွင့်လှစ်သည့် ဝါးအခြေခံလက်မှုထည်လုပ်ငန်းသင်တန်းအမှတ်စဉ်(၁/၂၀၁၅)ကို (၂၇-၇-၂၀၁၅) ရက်နေ့မှ(၆-၈-၂၀၁၅)ရက်နေ့အထိဖွင့်လှစ်ခဲ့ရာ သင်တန်းသား(၃၀)ဦးတက်ရောက်ခဲ့ပြီး ယမန်နေ့ကသင်တန်းပိတ်ပွဲ ကျင်းပခဲ့သည်။ အဆိုပါသင်တန်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သရက်မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် သင်တန်းသားများ၏ အရည်အသွေးအကဲဖြတ်ခြင်း၊သင်တန်းမှရရှိသော ကုန်ထုတ်နမူနာ များနှင့်အရည်အသွေးများအား စစ်ဆေးအကဲဖြတ်ခြင်းနှင့် သင်တန်းမှ ပို့ချသည့်ဘာသာရပ်များအား လက်တွေ့အသုံးချနိုင်မှု ရှိ/မရှိကြီးကြပ် စစ်ဆေးခဲ့သည်။(ပုံ) ယင်းသင်တန်းဖွင့်လှစ်ခဲ့ခြင်းကြောင့် ကျေးရွာနေပြည်သူများအတွက် အကျိုးရှိသောအသက်မွေးဝမ်း ကျောင်းအတတ်ပညာရရှိခဲ့ပြီး အလုပ် အကိုင်အခွင့်အလမ်းရရှိစေရန်များစွာအထောက်အကူပြုသဖြင့် ကျေးရွာနေပြည် သူများ ဝမ်းမြောက်ဝမ်းသာရှိကြကြောင်းသိရှိရသည်။



သြဂုတ် ၇
ဆင်ပေါင်ဝဲမြို့တွင် ဧရာဝတီမြစ် ရေ တက်မူကြောင့် နေအိမ်ခြံဝန်းများ အတွင်း ရေဝင်ရောက်ပြီး
 ပြောင်းရွှေ့ရသည့် အိမ် ထောင်စုများအား ယနေ့နံနက် (၁၀)နာရီက ဦးအေးနိုင် ပြည်သူ့ လွှတ် တော် ကိုယ်စား လှယ်(စိုးရတနာဆီသန့် စက်သုံးဆီ ရောင်း ဝယ်ရေး မိသားစု ကိုးပင်ကျေးရွာ) တို့မှ ကျွန်း ကျေးရွာ |လက်ပန်ငူ ကျေးရွာ| အင်းမကုန်း ကျေး ရွာ|မိုးနတ် ကုန်း ကျေး ရွာ| ငန်းပြား ကျေး ရွာ |ညံတောအင်း ကျေးရွာများရှိ ရေ ဝင်အိမ်ထောင်စု များသို့ ဆန် (၇၃) အိတ်နှင့်ပစ္စည်း
 မျိုးစုံစုစုပေါင်း (၂၂)သိန်း ဖိုး ခန့် လာရောက် လှူဒါန်း ကြကြောင်း သတင်း ရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video