Tuesday, August 4, 2015
2:17 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မင်းဘူး သြဂုတ် ၎
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ.်တွင် မုန်းချောင်းရေ ကြီးမှုကြောင့် ရေကြီးရေလျံမှု
များဖြစ်ပွားခဲ့ပြီး ယခုအခါ ရေများကျသွားပြီဖြစ်ရာ မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများမှာ သြဂုတ်လ ၄ ရက်မှစ၍ မိမိတို့၏ လယ်ယာလုပ်ငန်းများကို ပြန်လည်ထွန်ယက်စိုက်ပျိုးလျက်ရှိသည်။
ယခုအခါမုန်းချောင်းရေများကျသွားပြီဖြစ်သဖြင့် ဒေသခံတောင်သူများမှာ မိုးစပါး အချိန်မီစိုက်ပျိုးနိုင်ရေး လက်တွန်းထွန်စက်များ နွားရှင်းများဖြင့် ထွန်ယက်စိုက်ပျိုးလျက်ရှိသည်။ထို့အပြင် မိုးနှမ်းများကိုလည်း ရိတ်သိမ်းပြီး အမိုးအကာအောက် အမြန်ဆုံးရောက်ရှိရေး ဆောက်ရွက် လျက်ရှိသည့်အပြင် မိုးနှမ်းများရိတ်သိမ်းပြီး လယ်ကွက်လွတ် များတွင် မိုးစပါးများ အမြန်ဆုံး စိုက်ပျိုးနိုင်ရေး ထွန်ယက်လျက်ရှိကြောင်း ဒေသခံ တောင်သူတစ်ဦး ကပြောကြားသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment