၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့ ည (၈း၄၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ တောင်တွင်းကြီးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နယ်မြေသတင်း စုံစမ်းနေစဉ် တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း(၁)ရပ်ကွက်၊ ကားကြီးကွင်းအတွင်းရှိ တိုက်ခန်းအမှတ် (စီ-၃၄)အတွင်း ဖဲရိုက် လောင်းကစားနေ ကြောင်း သတင်းအရ ၀င်ရောက်ရှာဖွေရာ တောင်တွင်းကြီး မြို့၊ ရွှေကြာအင်း(၁) ရပ်ကွက်နေသူ လှမြင့်(၄၈)နှစ်၊ ပြည်မြို့နယ်၊ အောင်ကြည်သာရွာနေသူ ကျော်ကျော် (၄၄)နှစ်၊ ပြည်မြို့၊ ကိုးသောင်း ရပ်ကွက်နေသူ မျိုးသန့် (၄၉)နှစ်၊ ပြည်မြို့၊ မြောက်န၀င်းရပ် ကွက်နေသူ အောင်ဆန်းဦး (၂၈)နှစ်နှင့် တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း(၁)ရပ်ကွက်နေသူ မရီဝင်း (၃၇)နှစ် တို့ (၅)ဦးအား ဖဲရိုက်လောင်း ကစား ပြုလုပ်နေကြသည်ကို တွေ့ရှိရပြီး ဖဲရိုက်လောင်းကစား ရာတွင် အသုံးပြုသော AAA တံဆိပ်ပါ ဖဲချပ်(၁၀၈)ချပ်၊ ဆက်စပ်ပစ္စည်း များနှင့် လောင်းကြေးငွေ စက္ကူရောရာ၂၀၇၃၀၀ိ/-တို့အား သိမ်းဆည်း ရမိခဲ့သဖြင့် ဖဲရိုက်လောင်းကစားပြုလုပ်သူ လှမြင့်ပါ(၅)ဦး တို့အား တောင်တွင်းကြီးမြို့မ ရဲစခန်း (ပ) ၃၁၈/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/ ၁၄(က) အရ အမှုရေးဖွင့် ဆောင်ရွက်လျှက် ရှိ ကြောင်း သတင်းရရှိ ပါသည်။
Tuesday, August 4, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment