Sunday, August 2, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ ညနေ (၅)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ ရွာသစ်ပွဲကြို ရပ်ကွက်နေ လ/ထဆရာဝန် ဦးမျိုးမြင့်ဇော် (၂၇)နှစ် သည် ၄င်းပိုင် ၁၀ယ/၂၆၆၈၅ BASHAN 110 အနက်ရောင် ဆိုင်ကယ်အား ဇက်သော့ခတ်၍ မကွေးမြို့ ပြည်သူ့ဆေးရုံဝန်းအတွင်း ကလေးဆေးကုသဆောင် နောက်ကျောပေါက်၌ ရပ်ထားပြီး တာဝန်ထမ်း ဆောင် နေခဲ့ရာ ၁.၈.၂၀၁၅ ရက်နေ့ နံနက် (၆)နာရီအချိန် တာဝန်ချိန် ပြီးဆုံး၍ နေအိမ်သို့ပြန်ရန် ဆိုင်ကယ်ရပ်ထားသည့် နေရာသို့ သွားစဉ် ဆိုင်ကယ်အား မတွေ့ရှိဘဲ ပျောက်ဆုံးနေသဖြင့် မကွေး မြို့မရဲစခန်းသို့ သွားရောက်တိုင်တန်းရာ မကွေးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ ယခင်က ခိုးမှု ကျူးလွန်ဘူးသူ မကွေးမြို့၊ ရွာသစ်ပွဲကြိုရပ်ကွက်၊ မကွေးပြည်သူ့ဆေးရုံဝန်း အတွင်းနေ ချစ်ရင်ထူး (ခ)၀င်းဇော်ဦး (၂၈)နှစ်အား သင်္ကာမကင်း၍ ခေါ်ယူ စစ်ဆေးရာ အမှုမှ ပျောက်ဆုံးသည့် ဆိုင်ကယ် အား ၃၁.၇.၂၀၁၅ ရက်နေ့ ည (၁၀)နာရီ အချိန်ခန့်တွင် ဇတ်သော့ချိုး၍ ခိုးယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ချစ်ရင်ထူး(ခ) ၀င်းဇော်ဦး အား အရေးယူပေးရန် ၁.၈.၂၀၁၅ ရက်နေ့တွင် ဦးမျိုးမြင့်ဇော်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ)၂၉၄/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉(ဆက) အရ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video