၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့ ညနေ (၃း၄၅)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင်၊ ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် လယ်ကိုင်း-ကျောင်းတော်ရာ ကျေးရွာသွား ကားလမ်းပေါ်တွင် လူတစ်ယောက်နှင့် နွားတစ်ကောင် မိုးကြိုးထိမှန်၍ သေဆုံးကြောင်း သတင်းအရ သက်သေများနှင့် အတူ သွားရောက် စစ်ဆေးရာ သေဆုံးသူ ပွင့်ဖြူမြို့နယ်၊ မင်းမြေ ကျေးရွာနေ စိုးငြိမ်း (၂၇)နှစ်သည် နွားဆွဲ၍ လယ်တောမှ ပြန်လာစဉ် လမ်းမပေါ်တွင် မိုးကြိုး လျှပ်ကွင်း မလွတ်၍ နွား တစ်ကောင်နှင့်အတူ စိုးငြိမ်းတွင် မျက်နှာနှင့်ဦးခေါင်းပိုင်း ညိုမဲဒဏ်ရာဖြင့် သေဆုံး နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် စစ်ဆေး နိုင်ရန် ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်း နယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၁/၂၀၁၅ အရ အမှုရေးဖွင့် ဆောင်ရွက် လျက်ရှိကြောင်း သတင်း ရရှိပါသည်။
Sunday, August 2, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment