Saturday, August 8, 2015




ပခုက္ကူ သြဂုတ် ၇
မကွေးတိုင်ဒေသကြီးပခုက္ကူမြို့နယ်တွင်ဧရာဝတီမြစ်ရေလျံတက်မှုကြောင့်ရေဘေးသင့် ကျေးရွာများဖြစ်သည့် ကျွန်းညိုကြီး၊ရှာတော၊ကျတ်တန်းကုန်း၊ကျွန်းဦး၊ရွာသစ်ကုန်း ကျေးရွာများသို့်မလေးရှားနိုင်ငံရောက်
 မြန်မာရွှေ့ပြောင်းလုပ်သားများ ကူညီကယ်ဆယ် ရေးအဖွဲ့နှင့် ရန်ကုန်မြို့မှHand to Hand
စိတ်တူကိုယ်တူ ပရဟိတလူငယ်များ စုပေါင်းကာ ပခုက္ကူမြို့၊မဟာစည်ရိပ်သာမြဘေရီကျောင်းတိုက် ဆရာတော်ဦးစိန္တိတ နှင့်မြို့နယ်ဖွံ့/ထောက်ဥက္ကဌဦးရဲထွဋ်တို့၏ကူညီမှုဖြင့်ဆိုပါကျေးရွာများသို့ သြဂုတ်လ ၇ ရက်နေ့တွင် သွားရောက်လှူဒါန်းပေးခဲ့ကြောင်သိရှိရသည်။
အဆိုပါ ပရဟိတလူ ငယ်များအဖွဲ့သည် ရေဘေးသင့်ပြည်သူများအားငွေကျပ်သိန်း(၂၀) တန်ဖိုးခန့်ရှိသော ဆန်၊ရေသန့်၊စားသောက်ဖွယ်ရာများ၊ခေါက်ဆွဲခြောက်၊အ၀တ်အထည် နှင့်ဆေးဝါးများ၊ရေသန့်ဆေးထုပ်များကို လှူဒါန်းပေးခဲ့ပြီး ရေးဘေးသင့်ပြည်သူများအား ရေသန့်ဆေး အသုံးပြုပုံတို့ကို ရှင်လင်းပြသပေးခဲ့ကြောင်း သိရှိရ သည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video