ထီးလင်း ဇူလိုင် ၁၁
ဂန့်ဂေါမြို့ ပြည်သူ့ဆေးရုံမှ မျက်စိအထူးကု ဒေါက်တာ ထွန်းထွန်းအောင် ဦးဆောင်သည့် မီးယပ်နှင့် သားဖွါးအထူးကု ဒေါက်တာခင်စိုးမြင့်၊ မေ့ဆေးအထူးကု ဒေါက်တာချိုသန္တာကြည်၊ ခွဲစိတ်အထူးကု
ဒေါက်တာ စောစိုင်းအောင်တို့ပါဝင်သည့် အဖွဲ့သည် ဇူလိုင် ၇ ရက်နှင့် ၈ ရက်တို့တွင် ထီးလင်းမြို့ပြည်သူ့ဆေးရုံ၌ ဒေသခံ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုနှင့်
ဆေးဝါးကုသပေးခြင်းတို့ဆောင်ရွက်ကြရာ ပြည်သူ ၈၃၃ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့၍
နား၊ နှာခေါင်းဝေဒနာရှင် ၈၆ ဦး၊ မျက်စိဝေဒနာရှင် ၅၂ ဦး၊ အရိုး၊အကြော ဝေဒနာရှင် ၁၇၀ ဦး၊ သားဖွါးမီးယပ်ဝေဒနာရှင် ၂၀ ဦး၊ အထွေထွေရောဂါ ၁၂၃ ဦး၊ ခွဲစိတ်ကုသမှု ၂၁ ဦး၊ ကလေးငယ်များ
၄၂ ဦးတို့ကို ဆေးဝါးကုသပေးခဲ့ကြသည်။
အထူးကုဆရာဝန်များနှင့်အဖွဲ့က ဒေသခံပြည်သူများအား ဆေးဝါးကုသပေးရာသို့ မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်စန်းစန်းမြင့်နှင့်အဖွဲ့ သွားရောက် ကြည့်ရှုအား ပေးကာ လိုအပ်သည်များ ဖြည့်ဆည်းပေးကြောင်း သိရသည်။
Monday, July 13, 2015
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment