Tuesday, July 14, 2015
5:58 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မင်းဘူး ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး၊ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မဲဆန္ဒရှင်စာရင်းအချက်အလက်များကို ကွန်ပျူတာတွင် ထည့်သွင်းခြင်းဆိုင်ရာ နည်းပညာပေး သင်တန်းအမှတ်စဉ် (၂/၂၀၁၅)ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ(၁၃)ရက်နေ့ နံနက် (၉း၃၀)နာရီအချိန်က မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးကြည်စိန်မှ အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက် ပွဲအရာရှိ ဦးစိုးထွဋ်ဦးမှ မဲဆန္ဒရှင်စာရင်းအချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြပါသည်။
ထို့နောက် IFES အဖွဲ့ကိုယ်စားလှယ်မှ နည်းပညာများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပြီး မဲဆန္ဒရှင်စာရင်း အချက်အလက်များကို ကွန်ပျူတာတွင် ထည့်သွင်းခြင်းဆိုင်ရာနည်းပညာပေးသင်တန်းကို စတင်ပို့ချပေးခဲ့ပါသည်။
အဆိုပါသင်တန်းသို့ မကွေးခရိုင်၊သရက်ခရိုင်နှင့် မင်းဘူးခရိုင်များအတွင်းရှိ မြို့နယ်များမှ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ဒု-ဦးစီးမှူးများနှင့် စာရေးများတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဇူလိုင်လ(၁၃)ရက်နေ့မှ (၁၄)ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment