Monday, July 13, 2015
3:22 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ချောက် ဇူလိုင် ၁၂ ရက်
မကွေးတိုင်းဒေသကြီး ၊ ချောက်မြို့ အမှတ် ၁/၂/၃/၄ ရပ်ကွက်များအရ ရေပိုမိုဖြန့်ဝေ
နိုင်ရေးအတွက် မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ယူဆောင်ရွက်ခဲ့သော
လုပ်ငန်းများအား လွဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် (၀၉း၃၀) အချိန်က အမှတ် (၂) ရပ်ကွက် အလယ်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို စွမ်းအင်ဝန်ကြီးဌာန ၊ ဒုတိယ၀န်ကြီး ဦးမြင့်ဇော် မှအဖွင့်အမှာ စကားပြောကြားခဲ့သည်။ ချောက်၊ လမ်းရွာ ရေနံမြေမှ အထွေထွေမန်နေဂျာ ဦးကရင်နော်အောင် က ရေပေးဝေရေးအတွက် ဆောင်ရွက်ထားရှိခဲ့မှုများကို Power Point ဖြင့်လည်းကောင်း ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဦးဝင်းနိုင် မှလည်းရေပေးဝေရေးအတွက် ဆောင်ရွက်ထားရှိမှုများကို မှတ်တမ်းများဖြင့် လည်းကောင်း ၊ မြို့နယ်အုပ်ချုပ်ရေ့းမှူး ဦးမောင်မောင်သက် မှ အဆိုပါရပ်ကွက်များ
ရေပေးဝေရေးကိစ္စများ နှင့်ပတ်သက်၍လည်း ရှင်းလင်းတင်ပြခဲ့ကြောင်သိရှိရသည်။
၎င်းနောက် ချောက်မြို့ အမှတ် ၁၊၂၊၃၊၄ ရပ်ကွက်များ ရေပိုမိုဖြန့်ဝေပေးနိုင်ရေးအတွက်
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း မှတာဝန်ယူဆောင်ရွက်ခဲ့သောလုပ်ငန်းများကို
အထွေထွေမန်နေဂျာ ဦးကရင်နော်အောင် နှင့် Country Manager (Gold Petrol) Mr. Han တို့မှ လွဲပြောင်းပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူတို့မှ အသီးသီးလက်ခံရယူခဲ့ကြသည်။
အဆိုပါရပ်ကွက်များသို့ ရေဖြန့်ဝေပေးဆောင်ရွက်ခဲ့မှုအပေါ် မြို့နယ်ဒေသခံ ဦးရဲမြင့် မှကျေးဇူးတင်စကားပြောကြား ခဲ့ကြောင်း နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်ဇော် မှ ရေပေးဝေနေမှုအခြေအနေများကို ကြည့်ရှု၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment