Tuesday, July 7, 2015
2:45 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မြို့သစ် ဇူလိုင် ၇
မကွေးခရိုင် မြို့သစ်မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကကြီးမှူးပြီး မိခင်နှင့်ငါးနှစ်အောက်ကလေး သေဆုံးမှု ကျဆင်းရေးအရှိန်အဟုန်မြင့်ဆောင်ရွက်မှု ထပ်ဆင့်ရှင်းလင်းပွဲကို ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက မြို့သစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးဗိုလ်အောင်မောင်မောင်က မိခင်နှင့်ငါးနှစ်အောက်ကလေး သေဆုံးမှု ကျဆင်းစေရန်အတွက် ကျန်းမာရေး ဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့် သေဆုံးမှုကျဆင်းစေရေးအတွက် ပူပေါင်းဆောင်ရွက်ကာ အင်တိုက်အားတိုက် ဆောင်ရွက်သွားရန်မှာကြားပြီး မြို့မိမြို့ဖတစ်ဦးဖြစ်သော
အငြိမ်းစားပညာရေးမှုးဖြစ်သော ဦးကျော်ဝင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာန မြို့နယ်ကျန်းမာရေးမှုးတို့က မိခင်နှင့်ငါးနှစ်အောက်ကလေးသေဆုံးမှုကျဆင်းရေး အကြောင်းကို တက်ရောက်လာသော ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုးများ စာရေးများ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျန်မာရေးဝန်ထမ်းများကို ထပ်ဆင့်နားလည် သဘောပေါက်စေရန် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရှိသည်။
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment