ယနေ့နံနက် (၉း၄၀)မှ (၁၀း၃၀) အချိန်ထိမကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း(၂)ရပ်ကွတ် ဗိုလ်ချူ ပ်လမ်း ဗိုလ်ချူ ပ်ပန်းခြံအခြေဘက်ကားလမ်းတွင် မဝေဖြိုးဇော် ပါ(၄)ဦးတောင်တွင်းကြီးမြို့နယ် 7Julyလှုပ်ရှားမှုအဖြစ် လမ်းသွားလမ်းလာများအား (၅၃)နှစ်ပြည့်၇ဇူလိုင်အရေးတော်ပုံစာသားပါ7July အရေးတော်ပုံပေါ်ပေါက်လာရခြင်း အကြောင်းအရင်းများ၇့၇့၆၂ အကြမ်းဖက်ဖြိုခွဲမှုဖြစ်စဉ် အကျဉ်းအစရှိသည့်ရှင်းလင်းချက်များပါဝင်သော လက်ကမ်းစာစောင်အနက်ရောင်ပိတ်စအသေးဖြင့်ပြုလုပ်ထားသောဝမ်းနည်းခြင်း အထိမ်းအမှတ်ရင်ထိုး ၈၀ ခုအား ထိုးပေးခြင်း ပြုလုပ်ခဲ့သည်။
၁၀း၁၀အချိန်တွင် ဗိုလ်ချူပ်ပန်းခြံအတွင်းရှိ အာဇာနည်ကျောက်တိုင်၌ မဝေဖြိုးဇော်မှဦးဆောင်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမ္မဂများအဖွဲ့ချူ ပ်မှ ထုတ်ပြန်ကြေညာခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမ္မဂများအဖွဲ့ချုပ် (၅၃)နှစ်မြောက် 7July အထိမ်းအမှတ်ဘောထားထုတ်ပြန်ကြေညာချက်အားဖက်ကြားခဲ့ကြောင်း၊ ထိုနောက် ၇့၇့၆၂ အကြမ်းဖက်ဖြိုခွဲမှုတွင်ကျဆုံးခဲ့သည့် ကျောင်းသားကျောင်းသူပြည်သူများအား ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မီးနစ်ငြိမ်သက် အလေးပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်၊
ဆက်လက်၍ မဝေဖြိုးဇော်ပါ ၄ဦးအဖွဲ့သည် ၁၀း၄၀အချိန် ရွှေအိုး၂ရပ်ကွက်ငါးဆင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာကျောင်း၌ရှင်သာမနေ ၁၈ပါးထံနေဆွမ်းဆပ်ကပ်လှူဒါန်းခြင်း ကျောင်းထိုင် ဆရာတော် ဦးနေမိန္ဒအား နေ့ဆွမ်းဆပ်ကပ်လှူ ဒါန်းခြင်းအလှူငွေ သုံးသောင်းကျပ်လှူဒါန်းခြင်း တိုပြုလုပ်ခဲ့ပြီး ဆရာတော်မှရေစက်ချ တရားဟောကြားခဲ့ကြောင်း ဆက်လက်၍မဝေဖြိုးဇော်နှင့်အဖွဲ့သည် ၁၁း၅၅မှ၁၂း၀၅အချိန်မောင်းတိုင် ၁ရပ်ကွတ်ရွှေအင်းတောင်စေတီတော်၌ ၇့၇့၆၂အကြမ်းဖက်ဖြိုခွဲမှုတွင် ကျဆုံးခဲ့သည့် ကျောင်းသားကျောင်းသူပြည်သူများအား ရည်စူး၍ပန်း၊ ရေချမ်း၊ ဆပ်ကပ်လှူဒါန်းဆုတောင်းခြင်းများ ပြုလုပ်၍၁၂း၃၀အချိန် ငါးဆင့်ပရဟိတကလေးငယ်များအားနေ့လည်စာလှူဒါန်းကျွေးမွေးခဲ့ကြောင်းနှင့် ၁၂း၄၅အချိန်မဝေဖြိုးဇော်ပါ ၄ဦးအဖွဲ့သည်နေရပ်အသီးသီးတိုပြန်လည်ထွတ်ခွါသွားကြောင်းသတင်းရရှိပါသည်။



0 comments:
Post a Comment