Thursday, July 16, 2015



ရေနံချောင်း    ဇူလိုင်    ၁၅

    မကွေးတိုင်းဒေသကြီး၊ရေနံချောင်းမြို့ မြို့မဈေးရှေ့တွင် ဇူလိုင် ၁၅ရက်နံနက်က မြို့နယ်သစ်တော ဦးစီးဌာမှ ပျိုးပင်များအခမဲ့ပေးဝေကြောင်းသိရသည်။
    အဆိုပါပျိုးပင်များကို မြို့နယ်စိမ်းလန်းစိုပြေရေးတွင် ပြည်သူအများ စိတ်ပါဝင်စားလာစေရန်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းအလေ့အကျင့်ရှိစေရန် ရည်ရွယ်၍ အခမဲ့ပေးဝေခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် သစ်တောဦးစီးဌာနမှ ဦးလှမြင့်က ပြောကြားသည်။
    ပျိုးပင်များအခမဲ့ပေးရာတွင် ယူကလစ်၊တမာ၊ကုက္ကိုယ်၊ကံ့ကော်၊ခရေ၊လျှော်ဖြူနှင့် ယင်းမာပင်များ စုစုပေါင်းပျိုးပင် ၃၀၀၀ကို မြို့နယ်သစ်တောတာဝန်ခံနှင့်ဝန်ထမ်းများက ပေးဝေခဲ့ရာ ပြည်သူများ ၀မ်းသာလျှက်ရှိကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video