၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့ နံနက် (၉) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ၊ စေတုတ္တရာမြို့နယ်၊ ဖအိုင်းအရှေ့ရွာတွင် ထွန်တုံးပြုလုပ်ရန် သင်းဝန်းပင်အားခုတ်လှဲစဉ် လူတစ်ဦး သစ်ပင်ပိ၍ သေဆုံးသွားကြောင်း သတင်းရရှိပါသည်။
စေတုတ္တရာမြို့နယ်၊ ဖအိုင်းအရှေ့ရွာနေ ကိုကျော်ဆန်းလှိုင်(၃၅)နှစ်နှင့် ညီအစ်ကို လေးဦးတို့သည် ဆူးပုတ်မြောင်တောအတွင်း၌ လယ်ယာသုံးထွန်တုံးပြုလုပ်ရန်အတွက် လုံးပတ်(၃)ပေ၊ အရှည်(၂ဝ) ပေ ခန့်ရှိ သင်းဝန်ပင်အားခုတ်လှဲစဉ် သစ်ပင်လဲကျခါနီးတွင် ကိုကျော်ဆန်းလှိုင်မှ ညီများအား ရှောင်တိမ်းခိုင်းရာ သစ်ပင်မှာ ကိုကျော်ဆန်းလှိုင်၏ ဦးခေါင်းတည့်တည့်သို့လဲကျပြီး ဦးခေါင်း ယာဘက်ခြမ်းပြားပိပြီး ဦးနှောက် များထွက်ကာ သေဆုံးသွားကြောင်း သိရှိရသဖြင့် ၎င်းသေဆုံးခြင်း အကြောင်းရင်းမှန်အား သိရှိနိုင်ရန် အတွက် စေတုတ္တရာမြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၁/၂ဝ၁၅) အရအမှုရေးဖွင့်ဆောင်ရွက် ထားကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment