Monday, May 25, 2015


မင်းဘူး         မေ       ၂၃
    မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများးကို အထူးစီမံချက်အနေဖြင့် အလေးထားဆောင်လျက်ရှိရာ  မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်အဆင့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့်တရား မ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်  ပန်းချီ၊ပိုစတာနှင့် ကာတွန်းပြိုင်ပွဲ အခမ်းအနားကို မေလ (၂၃)ရက်နေ့ နံနက်(၉)နာရီအချိန်က မင်းဘူးမြို့ အမှတ်(၂)၊အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပ ပြုလုပ်ရာ မင်းဘူးခရိုင် ရဲတပ်ဖွဲ့မှူ ဒုတိယရဲမှူးကြီး သက်ထွန်း၊ခရိုင်ပညာရေးမှူး၊ ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းဌေးနှင့် အခြေခံပညာအထက်တန်း/ အလယ်တန်း/မှုလတန်းကျောင်းများမှ ဆရာ/ဆရာမများ၊ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများ တက်ရောက် ကြပါသည်။
    အဆိုပါပြိုင်ပွဲသို့ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များမှ ကျောင်းသား/ကျောင်းသူ (၁၉)ဦး မှ မျော်လင့်ချက်တို့ထားနိုင်ရာ သတင်းစကားလေးတစ်ခုပါ၊ မှုးယစ်ဆေးစွဲခြင်းဆိုတာ ကြိုတင်ကာကွယ် ကုသနိုင်တဲ့အရာ။မှုးယစ်နွံတွင်း ကျွံ၍ဆင်းသေမင်းအမြန်ခေါ်လိမ့်မည်၊စိတ်ဓါတ်ခိုင်မာ သန်စွမ်းရေး၊ အားကစားကဏ္ဍမြှင့်တင်ပေး မူးယစ်ဆေးဆိုရှောင်ပါမနှေး၊ ၀န်ကျင်လှပသာယာဖို့ ဆေးစွဲသူကို ၀ိုင်းကူစို့၊ မူးယစ်အန္တရာယ် လူ့ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းဆက် ခေါင်းစဉ်များဖြင့် ပန်းချီ ၊ပိုစတာ၊ကာတွန်း၊ကွန်ပျူတာပိုစတာနှင့် စာစီစာကုံးပြိုင်ပွဲများသို့ ပါဝင်ယှဉ်ပြိုင် ခဲ့ကြကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video