Monday, May 25, 2015

သရက် မေ ၂၄
    မကွေးတိုင်းဒေသကြီးသရက်မြို့တွင်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု့နှင့်    တရားမ၀င် ရောင်းဝယ်မှု့တိုက်ဖျက်ရေးနေ့(၁၈)ကြိမ်မြောက် ပန်ချီ၊ကာတွန်း၊ပိုစတာ၊ကွန်ပျူတာ ပန်ချီ    ပြိုင်ပွဲကို ယမန်နေ့ နံနက်(၉)နာရီက သရက်မြို့ အထက(၁) ဧရာဆောင် အဆောင်သစ် (၁)တွင် ကျင်းပရာ  မူလတန်းနှင့် အလယ်တန်း အဆင့် ကျောင်းသား/ကျောင်းသူလေးများ လာရောက် ပါဝင်ယှဉ်ပြိုင်ကြသည်။
    အဆိုပါ ပြိုင်ပွဲတွင် မျှော်လင့်ချက်တို့ ထားနိုင်ရာ သတင်းစကားလေးတစ်ခုပါ၊မူးယစ်ဆေးစွဲခြင်းဆိုတာ  ကြိုတင်ကာကွယ် ကုသနိုင်တဲ့အရာ၊ မူးယစ်နွံတွင်ကျွံ၍ ဆင်း သေမင်းအမြန်ခေါ်လိမ့်မည် ၊ စိတ်ဓါတ်ခိုင်မာ သန်စွမ်းရေး အားကစားကဏ္ဍ မြှင့်တင်ပေး၊မူးယစ်ဆေးဆို ရှောင်ပါမနှေး ၊ ၀န်းကျင်လှပ သာယာဖို့ ဆေးစွဲသုံးသူတိုင်း ၀ိုင်းဝန်းကူစို့ ၊ မူးယစ်အန္တရာယ် လူ့ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းဆက် ခေါင်းစဉ်များမှ မိမိကြိုက်နှစ်သက်ရာ ခေါင်းစဉ်များ ဖြင့် ရွေးချယ်ပြီး ပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
                                                                                                   ဇော်ထက်(သရက်)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video