နတ်မောက် ဧပြီ ၃
နတ်မောက်မြို့နယ် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများ လျာထား သတတ်မှတ် ရာတွင် ကျေးရွာ၂၉ အုပ်စုမှ မဲရုံတည်နေရာများ မဲရုံသတ်မှတ်ခြင်း ညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂ ရက် နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
အဆိုပါကော်မရှင်အစည်းအဝေးသို့နတ်မောက်မြို့နယ် ကော်မရှင်အဖွဲ့ခွဲဥက္ကဌဦးညိုကြီးမှ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ရှိ အရည်အချင်းနှင့်ပြည့်စုံ၍ အများယုံကြည်လေးစားခြင်းခံရသော ပုဂ္ဂိုလ်များကို အချက် (၈)ချက်နှင့်အညီ ထည့်သွင်းဖွဲ့စည်းကြရန်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးတင့်ဇော်မှ မဲရုံများလျာထားရာတွင် ဝတ္တကမြေအတွင်း ရှိသော ဘုန်းတော်ကြီးစာသင်ကျောင်းများ၊ ဓမ္မာရုံများနှင့် အခြားမည်သည့်သာသနာ့နယ်မြေပေါ်တွင်မဆိုမဲရုံများဖွင့်လှစ်ခြင်း မပြုလုပ်ရန်နှင့် အစိုးရစာသင်ကျောင်း များ ဌာနဆိုင်ရာအဆောက်အဦးများမရှိသော အရပ်ဒေသများ၌ ရပ်ကွက်ကျေးရွာ များရှိ ဓမ္မာရုံများတွင် မဲရုံဖွင့်လှစ်နိုင်ပြီး မည်သည့်အဆောက်အဦးများမရှိပါက သီးခြားမဲရုံများဆောက်လုပ်နိုင်ရေး ကြိုတင် ဆောင်ရွက်ထားရန် တို့ကိုရှင်းလင်းဆွေးနွေးမှာကြားခဲ့သည်။ထို့နောက် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အတွက် မဲရုံများ လျာထားသတ်မှတ်ရာတွင် နတ်မောက်မြို့နယ် ရပ်ကွက်ကျေးရွာ ၂၉ အုပ်စု ကော်မရှင်အဖွဲ့ခွဲများမှ တစ်ဦးချင်းစီ တင်ပြဆွေးနွေးခဲ့ကြောင်းသိရသည်။ လှဝင်း
Friday, April 3, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment