၂၀၁၅ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့ ည (၇) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ မြို့မရဲစခန်းမှရဲတပ်ဖွဲ့ဝင်များသည် ပွင့်ဖြူမြို့နယ်၊ ဆင်လူးကျေးရွာအရှေ့ဘက်၊ ပုသိမ်-မုံရွာ ကားလမ်း မိုင်တိုင်အမှတ် ၃၀၄/၆နှင့် ၃၀၄/၇ အကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ် ဆေးခဲ့ကြောင်း၊
စစ်ဆေးချက်အရ ပုသိမ်-မုံရွာကားလမ်းအတိုင်း မဲဇလီရွာဘက်မှ ကံပြားရွာဘက်သို့ ရန်ကုန်တိုင်း ဒေသ ကြီး၊ မရမ်းကုန်း(၃)ရပ်ကွက်၊ မြစံပယ်လမ်းနေသူ ယာဉ်မောင်း အောင်ဇော်လင်း (၃၈)နှစ် မောင်းနှင်သော 6H/xxxx HIACE ခဲရောင်မော်တော်ယာဉ်နှင့် ကံပြားရွာဘက်မှ မဲဇလီရွာဘက်သို့ ပွင့်ဖြူမြို့နယ်၊ ဆင်လူးကျေးရွာနေသူ ဦးစံရှိန်(၅၄)နှစ် တစ်ဦးတည်း မောင်းနှင်လာသော ၁၀ယ/xxxxx YINXIANG-110 ဆိုင်ကယ်တို့သည် လမ်းအလယ်တွင်မျက်နှာချင်းဆိုင် တိမ်းရှောင်စဉ် ပွတ်တိုက်မိ၍ ဦးစံရှိန်တွင် အပြင်း အထန် ဒဏ်ရာများရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ အောင်ဇော်လင်းနှင့် ဦးစံရှိန်တို့အား ပွင့်ဖြူမြို့ နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၁၆/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အရ အမှုဖွင့် အရေးယူဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment