Thursday, April 2, 2015

သရက် ဧပြီ ၁
    မကွေးတိုင်းဒေသကြိး သရက်မြို့နယ် အတွင်းရှိ ကျေးလက်ဒေသများတွင် တောင်သူလုပ်ငန်းအပြင် တစ်ပိုင်  တစ်နိုင် ၀က်မွေးမြူခြင်းဖြင့် မိသားစု ၀င်ငွေ တိုးပွားရရှိကြောင်း ပုဏ္ဍားကျေးရွာမှ ၀က်မွေးမြူသူ တစ်ဦးပြောကြားချက်အရ သိရသည်။
    ကျေးရွာနေ ပြည်သူအများစုမှ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအပြင် တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးပွါး  ရရှိစေရန် ၀က်မွေးမြူရေးကိုပါ တွဲဖက် လုပ်ကိုင်ကြလျှက်ရှိရာ ၀က်သားပေါက်ကောင်များ ၀ယ်ယူပြိး မွေးကြပါတယ်     ၀က်သားပေါက်(၁)ကောင် (၄၅)ရက်သား တစ်ကောင်လျှင် (၄)သောင်းမှ (၄)သောင်းခွဲအထိ ပေး၍ ၀ယ်ယူမွေးမြူကြရပြီး အလျှား အဆန် ကောင်းရင် ကောင်းသလို ဈေးပို၍ ပေးဝယ်ရပြိး အသာတိုးမွေးမြူတာဆိုတော့   (၆)လ (၇)လသား အရွယ်ဆို ရောင်းတန်းဝင်၍ ရောင်းရတဲ့အတွက် ဈေးကောင်းရပြိး ၀င်ငွေ တိုးပွါးလျှက်ရှိကြောင်း  ၀က်မွေးမြူသူ တစ်ဥိးထံက သိရသည်။
                                                                                                             ဇော်ထက်(သရက်)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video