၂၀၁၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ ညနေ(၄)နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆော မြို့နယ် ၊ ကျောက်ထုမြို့၊ ဂုံဘိုရပ်ကွက်အနီး ယောချောင်း ကျောက်ဖြူထူးရေအိုင်တွင် လူတစ်ဦး ရေနစ် ၊သေဆုံးနေကြောင်း သတင်းအရ ကျောက်ထုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
သေဆုံးသူမှာ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ စပ်ကုန်းရွာနေ Telenor ဖုန်းတိုင်ဆောက်လုပ်ရေး ၊ နေ့စားလုပ်သားဖြစ်သူ သိန်းမင်းအောင်(၂၇)နှစ်ဖြစ်ကြောင်း သိရှိရပြီး ကျောက်ထုမြို့၊ အမှတ်(၄) ရပ်ကွက်နေ မောင်သက်တင်ဦး၊ မောင်ဖြိုးသူရိန်၊ မောင်ဇော်ဖြိုးသီဟတို့နှင့်အတူ ချောင်းအတွင်း ရေချိုးနေစဉ် သိန်းမင်းအောင်မှ ရေမကူးတတ်ဘဲ ရေအနက်(၁ဝ)ပေခန့်ရှိ အနက်သို့ ရေဆင်းချိုးရာမှ ရေနစ်သေဆုံး သွားခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ၄င်းသေဆုံးခြင်းမှ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် ဆောမြို့နယ်၊ ကျောက်ထုနယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၂/၂ဝ၁၅)ဖြင့် ရေးဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment