Monday, March 2, 2015

မကွေး     ဖေဖော်ဝါရီ      ၂၈
    မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးဌာန ၀န်ကြီး ဦးအောင်နိုင်၊တိုင်းဒေသကြီုး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဦးစီးမှူး ဒေါက်တာဝင်းမောင်နှင့် မွေးမြူရေး
 နှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊တိုင်းဒေသကြီးမွေးမြူရေးလုပ်ငန်းအဖွဲ့ဥက္ကဌနှင့်မွေးမြူရေးလုပ်ငန်း ရှင်များ၊ နို့ပေါင်းစက်ကို စိတ်ပါဝင်စားသော လုပ်ငန်းရှင်များ လိုက်ပါ၍ ယနေ့ နံနက် ၈နာရီက
 ပေါင်းစည်းလယ်ယာစနစ်အတွင်းရှိ နို့ပေါင်းစက်ရုံသို့ သွာရောက်ကြည့်ရှု ခဲ့သည်။
    ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မကွေးမြို့နယ် ကွန်ပျူတာတက္ကသိုလ်အနီး မကြီးကန်ကျေးရွာ တွင် ပေါင်းစည်းလယ်ယာလုပ်ငန်းရှင်ဦးညွန်ံဝေမှ ပေါင်းစည်းလယ်ယာစနစ်လုပ်ငန်းဖြင့် ဆောင်
ရွက်နေသောနွား၊ ဆိတ်၊ ၀တ်ခြံများ၊ငါးကန်၊ဟင်းသီးဟင်းရွက်စိုက်ခင်း၊ ယာနှင့်လယ်စိုက်ပျိုးထားမှု အခြေအနေများကို လှည့်လယ်ကြည့်ရှုအားပေးခဲ့သည်။ ၄င်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်သည်
 ပေါင်းစည်လယ်ယာစနစ်အတွင်းရှိ နို့ပေါင်းစက်ရုံသို့ရောက်ရှိ၍ ခြံမှထွက်သော နွားနို့၊ဆိတ်နို့များအား ပိုးသတ်ခြင်း၊ အအေးခံခြင်း ၊ ပုလင်းသွတ်ခြင်းလုပ်ငန်းများအား ကြည့်ရှုအားပေးရာ နွားနို့နှင့် ဆိတ်နို့များအား စုစည်းသိုလှောင်ထားရှိမှု၊ အရည်အသွေးနှင့်အလေးချိန် စစ်ဆေးခြင်း၊ နို့များအား
 ပေါင်းအိုးအတွင်းထည့်၍ ပိုးသတ်ခြင်း၊ပေါင်းခံခြင်းစသည့် လုပ်ငန်းများအား တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့သည်။
    ထိုနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ နို့ပေါင်းစက်ရုံနှင့်ပတ်သက်၍ တစ်ပိုင်တစ်နိုင် ထုတ်လုပ်ခြင်းမှ စီးပွားဖြစ်လုပ်ကိုင်ဆောင်ရွက်ရန်အတွက် ဆောင်ရွက်ရေး နွားနှင့်ဆိတ်မွေးမြူရေးခြံများမှ ပိုင်ရှင်များ
အားစည်းရုံး၍ ၀ယ်ယူပြီး ရရှိလာသောနို့များအား နို့ပေါင်းစက်မှ အရည်အသွေးမီနို့များ ထုတ်လုပ်ရေး စက်ပစ္စည်းကိရိယာများ ရေရှည်တည်တံ့ခိုင်မြဲရန်အတွက် ကျွမ်းကျင်ပညာရှင်များနှင့် ဆောင်ရွက်ရေး ထွက်ရှိလာသောနို့များအား အရည်အသွေးထိန်းသိမ်းရေးများကို မှာကြားခဲ့သည်။
    မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင်ဆောင်ရွက်ထားသော နို့ပေါင်းစက်မှာ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့မှ ကြီးမှူး၍ အခြေခံပညာကျောင်းများတွင် နို့တိုက်ကျွေးရေးနှင့် ပြည်သူများပုံမှန် နို့သောက်သုံးသည့် အလေ့အထဖြစ်ပေါ်စေရေးတို့အတွက် စီမံချက်ချအကောင်းအထည်ဖော် ဆောင်ရွက်လျက်ရှိသော စီမံကိန်းမှ တစ်ခုအပါအ၀င်ဖြစ်ပြီး တိုင်းဒေသကြီး မွးမြူရေးလုပ်ငန်းအဖွဲ့မှပေါင်းစည်းလယ်ယာလုပ်ငန်းရှင် ဦးညွန့်ဝေနှင့် အကျိုးတူပူးပေါင်း၍ ပုဂ္ဂလိက ကဏ္ဍမြှင့်တင်ရေးအတွက် ဆောင်ရွက်ထားမှုဖြစ်ပြီး တိုင်းဒေသကြီးအတွင်း မကွေးမြို့အပါအ၀င် နွားနှင့်ဆိတ်အများဆုံးမွေးမြူသော အောင်လံ၊ပခုက္ကူ၊ မင်းဘူးမြို့များတွင်တပ်ဆင်၍ ဆောင်ရွက် လျှက်ရှိကြောင်းနှင့် အရည်အသွေးမြင့် ပိုးသတ်ပြီး
 နွားနို့နှင့်ဆိတ်နို့များအား အခြေခံပညာကျောင်းများနှင့် ပြည်သူများအား ဈေးနှုန်းသက်သာစွာ
 ဖြန့်ဖြူးရောင်းချလျှက်ရှိပါကြောင်း ၊ နို့ပေါင်းစက်မှ သတ်မှတ် အပူချိန်အထိ အပူးပေး၍ ပိုးသတ်ပြီး နို့အေးများကို ထုတ်လုပ်ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်းသိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video