Tuesday, March 3, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၂ ရက်နေ့ နေ့လည် (၁၂း၄၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး -မင်းလှကားလမ်း မိုင်တိုင်အမှတ် (၇/၀) အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ မင်းဘူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်ခဲ့ကြောင်း သတင်းရရှိပါ သည်။

ဖြစ်စဉ်အား စစ်ဆေးရာ မင်းဘူးမြို့ဘက်မှ မင်းလှမြို့ဘက်သို့ မင်းဘူးမြို့နယ်၊ ရေပေါ်လေးကျေးရွာနေ ဦးကြည်လွင်(၄၇)နှစ် မောင်းနှင်ပြီး နောက်မှ တစ်ရွာတည်းနေ ဦးတင်ဝင်း(၅၇) နှစ် လိုက်ပါလာသည့် ၄၂ယ/xxxx ၊ WAVE-110 အဖြူရောင်မော်တော်ဆိုင်ကယ်မှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့၍ ဦးကြည်လွင်မှာ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ နှာခေါင်း သွေးထွက်ဒဏ်ရာ(သေဆုံး)နှင့် ဦးတင်ဝင်း တွင် ယာဘက်ခြေမျက်စေ့ပေါက်ပြဲ၊ ရင်ဘတ်အောင့်ဒဏ်ရာတို့ ရရှိခဲ့ကြောင်း သိရှိရသည်။ 

ဆိုင်ကယ်အား မဆင်မခြင်စီးနင်းမောင်းနှင်သူ ကြည်လွင် (၄၇)နှစ်အား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း ယာဉ် (ပ) ၁၂/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က/၃၃၈ အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video