Wednesday, March 11, 2015

ဆော မတ် ၁၀
    တိရစ္ဆာန်ကျန်းမာရေးလုပ်သား(မွမ်းမံ)သင်တန်းဆင်းပွဲကို မတ် ၈ ရက်ကဂန့်ဂေါခရိုင် ဆောမြို့
 မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာန၌ပြုလုပ်ရာ မြို့နယ်ဦးစီးမှူး ဒေါက်တာ ထက်ဝေကျော်က သင်တန်း ဆင်းအမှာစကား ပြောကြားပြီး သင်တန်းသားများအား အထောက်အကူပြုပစ္စည်းများနှင့် သင်တန်းဆင်း လက်မှတ်များ ပေးအပ် သည်။
    အဆိုပါသင်တန်းသို့ သင်တန်းသား ၄၀ ဦးတို့တက်ရောက်ခဲ့၍ သင်တန်းကာလ ၅ ရက်ကြာမြင့်ခဲ့ကာ သင်တန်းတွင် စာတွေ့ပို့ချဆွေးနွေးသည့်အပြင် ကျေးရွာအုပ်စု ၆၀ မှတိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူ
 ခြင်း၊ ပိန်းချောင်း၊ ခွင်းချောင်းနှင့် ယောမြို့ကျေးရွာများရှိ ကျွဲ၊နွားကောင်ရေ ၄၀၀ ကျော်အား ပေါင်ပုပ်၊ လက်ပုပ် ရောဂါကာကွယ်ဆေးထိုးခြင်းများ လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်ဦးစီးဌာန၊ ဂန့်ဂေါမြို့။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video