မြိုင် - မတ် - ၁၀
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့်ပခုက္ကူခရိုင်၊မြိုင်မြို့နယ် ၊ မွေးမြူရေးနှင့်ကုသရေး
ဦးစီးဌာနကကြီးမှူးဖွင့်လှစ်သောတိရစ္ဆာန်ကျန်းမာရေးလုပ်သားမွမ်းမံသင်တန်း ၁/၂၀၁၅ သင်တန်းဆင်းပွဲကို
မတ်(၈)ရက်နံနက်(၁၀)နာရီတွင်အဆိုပါရုံးသင်တန်းဆောင်၌ပြုလုပ်ရာတိုင်းဒေသကြီးလွှတ်တော်ကိုယ်စား
လှယ် ဦးစောဝင်း၊ နှင့်မြို့နယ်မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဌဦးလှထူးတို့ကသင်တန်းဆင်းအမှာစကား
ပြောကြားကြပြီး မြို့နယ်ဦးစီးမှူးဒေါက်တာသောင်းစိန်ကသင်တန်းဆင်းများလိုက်နာဆောင်ရွက်ရမည့်
တာဝန်နှင့်စည်းကမ်းများကိုရှင်းလင်းမှာကြားခဲ့သည်။
ယင်းသင်တန်းသို့မြိုင်မြို့နယ်အတွင်းရှိကျေးရွာအုပ်စုအသီးသီးမှတိရစ္ဆာန်ကျန်းမာရေးလုပ်သားသင်တန်း ဆင်းပြီးသူ(၅၀)ဦးတက်ရောက်ခဲ့ကြပြီး၊သင်တန်းကာလမှာ(၇)ရက်ဖြစ်သည်။သင်တန်းကာလအတွင်း
လက်တွေ့ကွင်းဆင်းဆောင်ရွက်ကြရာမြို့နယ်ဦးစီးမှူးနှင့်ဒုဦးစီးမှူးများဦးဆောင်ကာကျေးရွာပေါင်း(၁၂၅)ရွာရှိ
နွားကောင်ရေ(၃၄၀၀)ကောင်အားဒေါင့်သန်းရောဂါကာကွယ်ဆေးထိုးခြင်း၊ နွား(၁၂၅၀၀)ကောင်အား
ပေါင်ပုပ်လက်ပုပ်ကာကွယ်ဆေးထိုးပေးခြင်း၊ နွာ(၈၆)ကောင်အားအထွေထွေရောဂါကုသခြင်း၊ ဒေသကြက်
(၇၆၀၀)ကောင်အား လည်လိမ်ရောဂါကာကွယ်ဆေးမျက်စဉ်းခတ်ခြင်းနှင့်တိရစ္ဆာန်ဦးရေစာရင်းကောက်
ယူခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထို့နောက်မြို့နယ်မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဌနှင့်ဦးစီးမှူးများကသင်တန်းသား/သူများအား
သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြောင်းသိရသည်။ အောင်ကျော်မြင့်(မြိုင်)
Wednesday, March 11, 2015
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment