Tuesday, March 3, 2015

ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၂၇
    မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် သပွတ်ကျောကျေးရွာ၌ ဖေဖော်ဝါရီ(၇)ရက်နေ့လည် (၁း၃၅)နာရီ    က မီးကြွင်းမီးကျန်မှ တဆင့် မီးလောင်ခဲ့ရာ အိမ်ထောင်စု(၅၈)စု၊လူဦးရေ(၂၄၄)ဦး
အိုးမဲ့ အိမ်မဲ့ ဖြစ်ပွါးခဲ့သည်။အဆိုပါမီးဘေးသင့်အိမ်ထောင်စုများအတွက် ပြန်လည်ထူထောင်ရေး
လုပ်ငန်းများကို လွှတ်တော်ကိုယ်စာလှယ် ၊တိုင်းဒေသကြီးကယ်ဆည်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြ ကော်မတီဝင်များ၊မြို့နယ်စီမံခန့်မှု့
 ကော်မတီဝင်များ၊ဌာနဆိုင်ရာများ၊မြို့နယ်   ကြက်ခြေနီ အဖွဲ့ဝင်များနှင့် အလှူရှင်များ ပူးပေါင်းပြီး မီးဘေးသင့် အိမ်ထောင်စုများ ယာယီ နေထိုင် နိုင်ရေး အတွက် (၁၅ပေx၁၀ပေ) (၆)ခန်းတွဲ (၄)ဆောင် ဆောက်လုပ်ပေးခဲ့ပြီး အိမ်ထောင်စု(၂၄)စု အတွက် နေထိုင်စေခြင်း၊ဘုန်းတော်ကြီးကျောင်းရှိ မီးစက်ဖြင့် မီးရရှိအောင်ဆောင်ရွက်ပေးလျက်ရှိသည်။
    ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးအေးနိုင်မှ (၆၀ပေx၃၀ပေ) သံဖိနပ်ပါ သက္ကယ်မိုး (၅)ပတ်လည် အဆောင် တစ်ဆောင် လှူဒါန်းခြင်းနှင့် မီးလောင်ပြင်အား ဥာဏ်မြင့်ထက် ကုမ္ပဏီမှ ဒိုဇာအကူအညီဖြင့်
 ကျေးရွာ    မီးလောင်ပြင်အားရှင်းလင်းပေးခဲ့သည်။ယင်းနောက် အလှူရှင်များမှ လာရောက်လှူဒါန်းသည့် ဆန်၊ဆီ၊ကြက်သွန်၊    အထည်စုံ၊ဒန်အိုး၊ဒန်ခွက်၊သက္ကယ်၊၀ါး၊စသည့် ထောက်ပံ့ပစ္စည်းများအား မီးဘေးသင့်
 ပြည်သူများအား စနစ်တကျ    ခွဲဝေ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video