Tuesday, March 3, 2015
11:07 AM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ဂန့်ဂေါ မတ် ၂
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဂန့်ဂေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကြီးမှူး၍ တိရစ္ဆာန်မွေးမြူရေးလုပ်သား(မွမ်းမံ)သင်တန်းကို မတ် ၂ ရက် နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပရာ မကွေးတိုင်းဒသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်နှင့် ဂန့်ဂေါခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင်တို့က အမှာစကားများပြောကြားကြ၍ မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိန်ဝင်းကသင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍
ရှင်းလင်းပြီး မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက ကာကွယ်ဆေးထိုးပိုက်၊ အပ်နှင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူမည့်ပုံစံစာရင်းတို့ကို သင်တန်းသားများသို့ လွှဲပြောင်းပေးအပ်သည်။
အဆိုပါသင်တန်းသို့ ရပ်ကွက်/ကျေးရွာ ၄၄ ရွာမှ သင်တန်းသား ၅၀ တို့ တက်ရောက်ကြ၍ သင်တန်း တွင်တိရစ္ဆာန်မွေးမြူရေး၊ ရောဂါကာကွယ်ကုသရေး၊တိရစ္ဆာန်နှင့်စပ်လျဉ်းသည့်ဥပဒေများ၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းစသည်တို့ကို စာတွေ့၊လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ
မတ် ၈ ရက် ထိဖြစ်ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment