Monday, March 16, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ ည ၁၂ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ် မြို့နယ်၊ ဒန့်ဒလွန်ပင် နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မြို့သစ်မြို့နယ်၊ ဂွေးကုန်း ကျေးရွာ ၏ မြောက်ဘက်(၁)ဖာလုံခန့်အကွာ၊ မြို့သစ်-တောင်တွင်းကြီး ကားလမ်းပေါ်တွင် ယာဉ်တိမ်း မှောက်မှု ဖြစ် ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း၊ 
စစ်ဆေးချက်အရ မြို့သစ်- တောင်တွင်းကြီး ကားလမ်းအတိုင်း မြို့သစ်မြို့နယ်၊ ရုံးတိုင်မြှောင်ရွာမှ တောင် တွင်းကြီးမြို့သို့ ရုံးတိုင်မြှောင်ရွာနေသူ ယာဉ်မောင်း ဇော်မျိုးဦး (၂၆) နှစ် မောင်းနှင်လာသည့် 8L/8988 ကန်တာ အဖြူရောင်ယာဉ်သည် မိုင်တိုင် အမှတ် (၄/၁)နှင့်(၄/၂)ကြား အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်ခြမ်းသို့ တစ်စောင်းတိမ်းမှောက်သွားသဖြင့် ယာဉ်ပေါ်ပါ ခရီးသည် ကျား(၄)ဦး၊ မ(၅)ဦးအနက် မ(၁)ဦးမှာ အပြင်းအထန်ဒဏ်ရာများရရှိခဲ့ပြီး ကျန်ခရီးသည် များမှာ စိုးရိမ်ဖွယ်မရှိသော သာမန်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ 
ယာဉ်မဆင်မခြင်မောင်းနှင်သူ ဇော်မျိုးဦးအား မြို့သစ်မြို့နယ်၊ ဒန့်ဒလွန်ပင် နယ်မြေရဲစခန်း ယာဉ်(ပ) ၁/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video