Monday, March 16, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ ည(၉) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပုသိမ်-မုံရွာကားလမ်း မိုင်တိုင် အမှတ် ၂၄၉/၆ ရှိ ကန်တုတ် ကျေးရွာအနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့် အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
စစ်ဆေးချက်အရ ပုသိမ်-မုံရွာ ကားလမ်းအတိုင်း စစ်တွေဘက်မှ ရန်ကုန်ဘက်သို့ ရန်ကုန်တိုင်း ဒေသ ကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၉)ရပ်ကွက် နေသူ မင်းသိန်း(၃၆)နှစ် မောင်းနှင်လာသည့် 5D/7601 MISTUBISHI FUSO ဖြူပြာကြား ရန်ကုန်-စစ်တွေ `ရွှေကံ့ကော်´ခရီးသည်တင် ယာဉ်သည် ၄င်းကားလမ်း ယာဉ်ကြောအတိုင်း မင်းလှမြို့နယ်၊ ကန်တုတ်ကျေးရွာနေသူ လှစိုး (၄၃)နှစ် မောင်းနှင်ပြီး နောက်တွင် တစ်ရွာတည်းနေ ဇော်မျိုးဦး (၂၂)နှစ် လိုက်ပါလာသည့် ကန်ဘို ၁၂၅ နီနက်ကြားရောင် ဆိုင်ကယ် အား ကျော်တက်မောင်းနှင်စဉ် နောက်မှဝင်ရောက် တိုက်မိသဖြင့် လှစိုးတွင် ဦးခေါင်းဝဲ/ယာဂျိုစောင်း ဖူးရောင်ပေါက်ပြဲ ဒဏ်ရာ၊ ၀ဲနံရိုးကျိုးဒဏ်ရာများ ရရှိ သေဆုံး သွားခဲ့ပြီး ဇော်မျိုးဦးတွင် မစိုးရိမ်ရသော သာမန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရပါသည်။ 
ယာဉ်မဆင်မခြင် မောင်းနှင်သူ မင်းသိန်းအား မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်း ယာဉ်(ပ) ၇/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က/ ၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်း ရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video