၂၀၁၅ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့ နံနက် (၇) နာရီအချိန် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ အမှတ်(၂)ရပ်ကွက်နေ မခင်ခင်ဝေ (၂၂) နှစ်သည် အစ်မဝမ်းကွဲတော်သူ ဒေါ်နှင်းယုမေ၏ ပခုက္ကူဈေး အတွင်းရှိ ပတ္တမြားအထည်ဆိုင်တွင် ခင်သန်းအေးနှင့်အတူရှိနေစဉ် နံနက် ၉ နာရီ အချိန်ခန့် တွင် ခြင်းအဝါကြားကိုင်ထားသည့် ခပ်ဝဝအမျိုးသမီးတစ်ဦးလာရောက်၍ လုံချည်ဝယ်ရန် ဈေးမေးစဉ် မခင်ခင်ဝေမှ အခြားသူတစ်ဦးအား ဈေးရောင်းနေ၍ ၄င်းဝင်လာသူမှ ဆိုင်အတွင်း၌ ခင်းထားသော ခုံအောက်ရှိ လက်သုတ်ပဝါ(၂၁ဝ)ပါ ပီနံအိတ်အထုပ်(၁)ထုပ် စုစုပေါင်းတန်ဘိုး (၅၂,၅ဝဝိ/-) အားယူပြီး ထွက်သွားသည်ကို ဆိုင်နီးချင်း ဒေါ်သေးနှင့် မခင်ခင်ဝေတို့မှ မြင်လိုက်သဖြင့် ဈေးလုံခြုံရေး တာဝန်ကျ များနှင့်အတူလိုက်လံဖမ်းဆီးကာ ဈေးခေါင်းရုံးသို့ ပို့ဆောင်မေးမြန်းခဲ့ကြောင်း သတင်းရရှိပါသည်။
၎င်းမှာ ပခုက္ကူမြို့နယ်၊ ဖလံအိုရွာနေ မမြင့်မြင့်ဦး(၂၇)နှစ် ဖြစ်ကြောင်းသိရပြီး ၄င်းထံမှ ခိုးယူသွားသည့် လက်သုတ်ပုဝါများထည့်ထားအထုပ်အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် မမြင့်မြင့်ဦးအား အရေးယူ ပေးရန် ၂၄.၃.၂ဝ၁၅ ရက်နေ့တွင် မခင်ခင်ဝေမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း (ပ)၉၆/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈ဝ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment