Wednesday, March 11, 2015

အောင်လံ မတ် ၁၀
          မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်အတွင်းမှစာဖတ်လိုသူစာပေဝါသနာရှင်လုပ်သားပြည်သူများ သွားရင်းလာရင်း အနားယူရင်း စာအုပ်စာပေများကို လွယ်လင့်တကူဖတ်ရှုလေ့လာနိုင်ရေးအတွက် ဒီဂျစ်တယ်စာကြည့်တိုက်စနစ်ဖြစ်သော PDLS (Public Digital Service) စက်ကို အောင်လံ- မကွေးကားဂိတ်ဖြစ်သော အောင်လံမိုးကားဂိတ်တွင်တပ်ဆင်ပေးထားပြီး နေ့စဉ်နေ့တိုင်း ၂၄နာရီဖွင့်လှစ်ပေးထားကြောင်းသိရသည်။
          ယင်းသို့ဖွင့်လှစ်ခြင်းကို အောင်လံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်တင်သူဇာလှိုင်နှင့် ၀န်ထမ်းများမှ မတ်လ(၉)ရက်နေ့တွင် သွားရောက်၍ စတင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီးPDLS စက်မှ ဝိုင်ဖိုင်စနစ်ဖြင့်ထုတ်လွှင့်ပေးထားသော စာအုပ်များကို မိမိတို့၏ ဖုန်းနှင့်ကွန်ပျူတာများဖြင့် မီတာ(၆၅၀)အကွာအဝေးအတွင်းမှ ဖတ်ရှုနိုင်မည်ဖြစ်သည်၊ သုတ ရသ စာအုပ်စာစောင်(၇၀၀၀)ကျော်ကိုဖတ်ရှုနိုင်မည်ဖြစ်ပြီး  စက်တပ်ဆင်သည့်နေ့၌ပင်  ကားဂိတ်အနီးအနား တစ်ဝိုက်တွင်   မိမိတို့၏ လက်ကိုင်ဖုန်းများ  ဖြင့် စာအုပ်များကို ဖတ်ရှုလေ့လာနေကြပြီးဝန်ထမ်းများမှလည်း
 စာဖတ်သူတို့အားလိုအပ်သည်များကိုလက်တွေ့ရှင်းလင်းပြသနေကြောင်းသိရသည်။
မြို့နယ် ပြန်/ဆက်

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video