Wednesday, March 11, 2015

နတ်မောက်            မတ်   ၁၁
    နတ်မောက်မြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတဝန်းလုံးရှိ စာစစ်ဌာနများနည်းတူ မတ်လ ၁၁ ရက်နေ့က အေးချမ်းစွာဖြေဆိုခဲ့ကြကြောင်းသိရသည်။ အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေစဉ် ကာလအတွင်း နတ်မောက်မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ အရန်မီးသတ်တပ်ဖွဲ့ဝင်များ က ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
    နတ်မောက်မြို့နယ်တွင် စာစစ်ဌာန(၅)ခုရှိပြီး လက်ရှိစာဖြေသူများဖြစ်သော နတ်မောက်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူ (၁၄၇၃)ဦး၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူ(၆၅၄)ဦး၊ရွှေပန်းတောကျေးရွာအခြေခံပညာ
အထက်တန်းကျောင်းတွင်ကျောင်းသားကျောင်းသူ (၅၄၃)ဦးနှင့် ရွာမွန်ကျေးရွာအခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူ(၂၄၆)ဦးစုစုပေါင်း ကျောင်းသား ကျောင်းသူ(၂၉၁၆)ဦး ပထမနေ့တွင်အေးချမ်းစွာဖြေဆိုခဲ့ကြကြောင်းသိရသည်။
                                                    လှဝင်း

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video