Tuesday, March 31, 2015
4:34 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေး မတ် ၃၁
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ခန့်ထားသော လက်ထောက်ဆရာဝန်(သစ်လွင်)နှင့် သွားဘက်ဆိုင်ရာ(သစ်လွင်)များတာဝန်ပေးအပ်ပွဲပြုလုပ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီက မကွေး တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ၊ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသီတာလှနှင့် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်တို့က အဖွင့်အမှာပြောကြားပါသည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေက လက်ထောက်ဆရာဝန် များ ကိုယ်စား လက်ထောက်ဆရာဝန်(သစ်လွင်)များကိုယ်စား လက်ထောက်ဆရာဝန်(သစ်လွင်)တစ်ဦးအား အလုပ်တာဝန်ပေးအပ်လွှာများနှင့် သွားဘက်ဆိုင်ရာဆရာဝန်(သစ်လွင်) များ ကိုယ်စား သွားဘက်ဆိုင်ရာ ဆရာဝန် (သစ်လွင်)များကိုယ်စား သွားဘက်ဆိုင်ရာဆရာဝန် (သစ်လွင်)တစ်ဦးအား အလုပ်တာဝန် ပေးအပ်လွှာများပေးအပ်ကိုပေးအပ်ပါသည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ များ လက်ထောက်ဆရာဝန်(သစ်လွင်)များနှင့် သွားဘက်ဆိုင်ရာဆရာဝန်(သစ်လွင်) များ တက်ရောက်ကြ ကြောင်းသိရသည်။
ညီညီမောင်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment