ကျောက်ထု မတ် ၂၈
ဂန့်ဂေါခရိုင် ကျောက်ထုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မတ် ၂၈ ရက်တွင် ပိန်းနဲ ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်၌ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကွင်းဆင်းဆောင်ရွက်ရာ ဓာတ်ပုံကျွမ်းကျင် (၂) ဦးဟုန်းမာန်က စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို ရှင်းလင်းသည်။
ထို့နောက် ရုပ်သံကျွမ်းကျင်(၃) ဒေါ်ခိုင်ဇာဝင်းက တက်ရောက်လာကြသည့် ကျေးရွာစာကြည့်တိုက် ကော်မတီဝင်များ၊ စာကြည့်တိုက်လုပ်ငန်းကို တာဝန်ခံဆောင်ရွက်ကြသူများတို့အား စာအုပ်အမျိုးအစားအလိုက် မှတ်ပုံတင်ရေးသွင်းခြင်း၊ စာအုပ်ငှားရမ်းခြင်းတို့ကို ရှင်းလင်းဆွေးနွေးကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်
Tuesday, March 31, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment